Border News Agency
မောင်တော၊ မတ် ၆။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မောင်တောမြို့မှာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ဖို့အတွက် မြို့နယ်မီးသတ်ဌာနက လိုက်လံနှိုးဆော်နေပါတယ်။
မီးသတ်ဌာနက မီးသတ်ကားတွေနဲ့ မြို့ပေါ်ရပ်ကွက်တွေကို လှည့်လည်ပြီး နေအိမ်တွေမှာလောင်စာဆီ သိုလှောင်ရောင်းချတာမလုပ်ဖို့၊ ကလေးတွေကို မီးနဲ့မဆော့စေဖို့နဲ့ မီးဖိုချောင်မီးကြွင်းမီးကျန်တွေကို စနစ်တကျ ငြိမ်းသတ်ဖို့ အသိပေးနေတာပါ။
ဒါ့အပြင် ရပ်ကွက်တွေအတွင်း မီးသတိပေးဆိုင်းဘုတ်တွေစိုက်ထူထားသလို ပြည်သူတွေလိုက်နာမှု ရှိ၊ မရှိကိုလည်း လိုက်လံစိစစ်နေပါတယ်။
မီးသတ်ဌာနကဦးဆောင်ပြီး မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးတာနဲ့ ကွင်းဆင်းသရုပ်ပြတာတွေကို မြို့ရွာတွေအထိ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။









