Border News Agency
ထိုင်း၊ မတ် ၇။
အာရှပစိဖိတ်ဒေသမှာ သမိုင်းအရှည်ဆုံးဖြစ်တဲ့ Cobra Gold ၂၀၂၆ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုဟာမတ်လ ၆ ရက်၊မနေ့ကပြီးဆုံးသွားပါပြီ။
အဲဒီ ပိတ်ပွဲနဲ့အတူ ကျည်စစ်ပစ်ခတ်လေ့ကျင့်မှု (CALFEX) ကို ထိုင်းနိုင်ငံ၊ လပ္ပူရီခရိုင်မှာ ပြုလုပ်ခဲ့တာပါ။
ထိုင်း၊ အမေရိကန်နဲ့ တောင်ကိုရီးယား တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး F-16 တိုက်လေယာဉ်တွေ၊Stryker သံချပ်ကာယာဉ်တွေနဲ့ အင်အားပြ လေ့ကျင့်ခဲ့ကြပါတယ်။
ထူးခြားတာကတော့ ထိုင်းနဲ့ အမေရိကန်တပ်ဖွဲ့တွေကြား ညပိုင်းကျည်စစ်ပစ်ခတ်မှုကို ဒီနှစ်မှာ ပထမဆုံးအကြိမ် ထည့်သွင်းလေ့ကျင့်ခဲ့တာပဲ ဖြစ်ပါတယ်။
Cobra Gold ဟာ ထိုင်းနဲ့ အမေရိကန်ကြားက စစ်ရေးယုံကြည်မှုကို ပြသတာဖြစ်သလို ဒီနှစ်မှာတော့ အာကာသနဲ့ ဆိုင်ဘာလုံခြုံရေး ကဏ္ဍတွေကိုပါ တိုးမြှင့်လေ့ကျင့်ခဲ့ကြတယ်လို့ သိရပါတယ်။






























