Border News Agency
ဘူးသီးတောင်၊မတ် ၉။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ဘူးသီးတောင်မြို့နယ်အတွင်းက ဝေးလံခေါင်ဖျားတဲ့ကျေးရွာတွေမှာ စားဝတ်နေရေးခက်ခဲနေတဲ့ အိမ်ထောင်စု ၁၃၀ ကျော်ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) မြို့နယ်ပါတီကော်မတီက မတ်လ ၈ ရက်နေ့မှာ ဆန်နဲ့ ရိက္ခာတွေထောက်ပံ့ခဲ့ပါတယ်။
အဲဒီထောက်ပံ့မှုမှာ မြို့နယ်အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ မီးသတ်စတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေ ပူးပေါင်းပါဝင်ခဲ့ကြပြီး ရိက္ခာပေးဝေတာအပြင် သက်ဆိုင်ရာကဏ္ဍအလိုက် အသိပညာပေးဟောပြောမှုတွေပါ ပြုလုပ်ခဲ့ကြတာပါ။
အဲဒီမောင်တောမြောက်ပိုင်းက အိမ်ထောင်စု ၄၀ ကျော်ကိုမတ်လ ၂ ရက်နေ့ကလည်း ခရိုင်ပါတီကော်မတီကနေ ရိက္ခာတွေ ကူညီခဲ့ပါသေးတယ်။
အဲဒီအပြင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်း ARSA အဖွဲ့ရဲ့ရန်ကြောင့်ထွက်ပြေးတိမ်းရှောင်နေရတဲ့ မြိုလူမျိုးစုတွေကို ဆန်၊ ရိက္ခာနဲ့ ခြင်ထောင်တွေအပြင် ကျန်းမာရေးစောင့်ရှောက်မှုတွေပေးခဲ့ပါတယ်။
















