Border News Agency
မဲဆောက်၊ မတ် ၁၁။
မဲဆောက်မြို့၊သာ့ဆိုင်လွတ်ကျေးရွာရှိမှာ တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၃ ဦးကို တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးလိုက်ပါတယ်။
အဲဒီဖမ်းဆီးခံရသူတွေထဲမှာ သာ့ဆိုင်လွတ်ကျေးရွာက အမည်မဖော်ပြထားတဲ့ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့အသက် ၄၁ နှစ်နဲ့ ၁၉ နှစ်အရွယ် မြန်မာ ၂ ဦးဖြစ်ပါတယ်။
အဲဒီအပြင်ဟွေမွန့်ဈေးရှေ့မှာ အလုပ်လုပ်နေတဲ့ အသက် ၃၀ အရွယ် မြန်မာတဦးလည်းပါဝင်ပါတယ်။
သူတို့ဟာ အထောက်အထားမရှိဘဲ နိုင်ငံထဲခိုးဝင်လာတာနဲ့ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်နေတာကြောင့် ဖမ်းဆီးခံရတာဖြစ်ပါတယ်။
အဲဒီဖမ်းဆီးရမိတဲ့ မြန်မာ ၃ ဦးစလုံးကို ဥပဒေအရထိရောက်စွာအရေးယူနိုင်ဖို့အတွက် မဲဆောက်မြို့မရဲစခန်းကို ပို့ဆောင်ပြီး အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။








