Border News Agency
စစ်ကိုင်း၊ မတ် ၁၂။
နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲကို မတ်လ ၁ ရက်နေ့ကလွတ်မြောက်နယ်မြေတနေရာမှာ ကျင်းပခဲ့တယ်လို့သိရပါတယ်။
အဲဒီသင်တန်းကို အာရက္ခတပ်တော် (AA) က သင်တန်းနည်းပြတွေကိုယ်တိုင် စစ်ပညာနဲ့ စစ်နည်းဗျူဟာတွေကို လေ့ကျင့်သင်ကြားပေးခဲ့တာဖြစ်ပါတယ်။
သင်တန်းကာလအတွင်းမှာ အခြေခံစစ်ပညာတွေအပြင် စစ်သည်တော်ကျင့်ဝတ်နဲ့ စစ်စည်းကမ်းတွေကိုပါ ထည့်သွင်းသင်ကြားပေးခဲ့တာပါ။
အခုသင်တန်းမှာ SRA တပ်ဖွဲ့ဝင်တွေတင်မကဘဲ မဟာမိတ်တပ်တွေဖြစ်တဲ့ BPLA၊ ယောတပ်တော် (YA)၊ မကွေး PDF နဲ့ BLDF တို့က သင်တန်းသားတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
သင်တန်းဆင်းပွဲ အခမ်းအနားကို မဟာမိတ်တပ်မှူးတွေ၊ ဒေသတွင်း ရပ်မိရပ်ဖတွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းရဲဘော်တွေကို ဂုဏ်ပြုစကားတွေ ပြောကြားခဲ့ပါတယ်။
တော်လှန်ရေးအင်အားစုတွေကြား အခုလို စစ်ရေးအရ ပူးပေါင်းဆောင်ရွက်တာဟာ တိုက်ပွဲစွမ်းရည်ကို ပိုပြီး မြှင့်တင်နိုင်မှာလည်း ဖြစ်ပါတယ်။
SRA အနေနဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီပေါ်ပေါက်လာဖို့အတွက် တပ်ပေါင်းစုအင်အားနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်
မဟာမိတ်တွေကြား ညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမယ်လို့လည်းဆိုပါတယ်။
















