Border News Agency
ပါရှန်း၊မတ် ၁၃။
ပါရှန်းပင်လယ်ကွေ့မြောက်ပိုင်းမှာ မတ်လ ၁၂ ရက်၊ မနေ့ကခရီးနှင်နေတဲ့ Safesea Vishnu အမည်ရ ရေနံတင်သင်္ဘောတစီးဟာ အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့သတိပေးချက်ကိုလျစ်လျူရှုခဲ့တယ်ဆိုပြီး တိုက်ခိုက်ခံခဲ့ရတာကြောင့် အိန္ဒိယနိုင်ငံသားသင်္ဘောသားတဦး သေဆုံးသွားတယ်လို့သိရပါတယ်။
အဲဒီရေနံတင်သင်္ဘောဟာ IRGC ရေတပ်ရဲ့ ရပ်တန့်ဖို့သတိပေးချက်တွေကိုမလိုက်နာဘဲ ဆက်လက်မောင်းနှင်ခဲ့တာကြောင့် အခုလိုတိုက်ခိုက်ခံရတာဖြစ်တယ်လို့ စွပ်စွဲချက်တွေထွက်ပေါ်နေတာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် သင်္ဘောပေါ်မှာလိုက်ပါလာတဲ့ အိန္ဒိယသင်္ဘောသားတဦးသေဆုံးခဲ့ရပြီး သင်္ဘောမှာလည် ပျက်စီးမှုအချို့ရှိခဲ့ပါတယ်။
အဲဒီဖြစ်စဉ်ဟာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သင်္ဘောသားတွေအနေနဲ့ဟော်မုဇ်ရေလက်ကြားမှာ သတ္တိရှိရှိခရီးနှင်ကြဖို့ တိုက်တွန်းပြောကြားပြီးနောက်မှာဖြစ်ပွားခဲ့တာပါ။
လက်ရှိမှာတော့ အဲဒီဒေသတွင်းရေကြောင်းလမ်းကြောင်းတွေမှာ စစ်ရေးတင်းမာမှုတွေမြင့်တက်နေပြီး ရေနံတင်သင်္ဘောတွေအတွက်လုံခြုံရေးစိုးရိမ်ရတဲ့ အခြေအနေတွေဖြစ်နေပါတယ်။
အိန္ဒိယအစိုးရဘက်ကတော့ သူတို့နိုင်ငံသားသေဆုံးမှုနဲ့ပတ်သက်ပြီး တစုံတရာတုံ့ပြန်ထုတ်ပြန်တာမရှိသေးသလို အီရန်ဘက်ကလည်းဒီတိုက်ခိုက်မှုအပေါ် အသေးစိတ်အတည်ပြုတာမရှိသေးပါဘူး။
ပါရှန်းပင်လယ်ကွေ့အတွင်း အင်အားကြီးနိုင်ငံတွေရဲ့စစ်ရေးပဋိပက္ခတွေကြားမှာ အခုလိုအရပ်သားသင်္ဘောသားတွေ ထိခိုက်သေဆုံးနေရတာဖြစ်ပါတယ်။











