Border News Agency
စစ်ကိုင်း၊ မတ် ၁၅။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ပြန်လည်ဖွဲ့စည်းတည်ထောင်တဲဘ ၅ နှစ်ပြည့်အခမ်းအနားကို မတ်လ ၁၅ ရက်၊ဒီနေ့ PLA စစ်ဒေသတနေရာမှာ ကျင်းပခဲ့ပါတယ်။
အဲဒီအခမ်းအနားမှာ အလံတော်တွေကို အလေးပြုတာ၊ ကျဆုံးရဲဘော်တွေကို အလေးပြုတာတွေအပြင် ဗမာပြည်ကွန်မြူနစ်ပါတီက ပေးပို့တဲ့ သဝဏ်လွှာကိုလည်း ဖတ်ကြားခဲ့ကြတယ်လို့ဆိုပါတယ်။
PLA ကို ၂၀၂၁ ခုနှစ် မတ်လ ၁၅ ရက်နေ့မှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လမ်းညွှန်မှုနဲ့ ပြန်လည်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဒီနေ့မှာ ၅ နှစ် ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။
“ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ ခြေလှမ်းတိုင်းဟာ အဖိနှိပ်ခံပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက်ပဲ ဖြစ်ရမယ်” လို့လည်းထည့်သွင်းပြောကြားခဲ့ကြပါတယ်။



















