Border News Agency
အီရန်၊ မတ် ၁၅။
အီရန်နိုင်ငံ၊ မာကာဇီပြည်နယ်၊ ကိုမီဂျန်မြို့အထက်ကောင်းကင်ယံမှာ အမေရိကန်ရဲ့တိကျမှုမြင့်မားတဲ့ AGM-158 (JASSM)ခရုစ်ဒုံးကျည်တစင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC)က မတ်လ ၁၄ ရက်နေ့မှာထုတ်ပြန်ပါတယ်။
အဲဒီဒုံးကျည်ဟာ အမေရိကန်ရေတပ်ရဲ့ F/A-18 Super Hornet တိုက်လေယာဉ်ကနေပစ်လွှတ်လိုက်တာဖြစ်ပြီး အီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ကနေ အောင်မြင်စွာဟန့်တားနိုင်ခဲ့တာလို့ဆိုပါတယ်။
အဲဒီဖြစ်စဉ်ဟာ အရှေ့အလယ်ပိုင်းဒေသအတွင်း အမေရိကန်နဲ့အီရန်ကြားစစ်ရေးအရတိုက်ရိုက်ပတ်သက်မှုတွေ ပိုမိုပြင်းထန်လာတာကိုပြသနေပြီး နှစ်ဖက်စလုံးကအဆင့်မြင့်လက်နက်တွေကိုအသုံးပြုကာ အပြန်အလှန်တိုက်ခိုက်နေကြတာဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနဘက်က တစုံတရာအတည်ပြုတာမရှိသေးသလို အီရန်ဘက်ကလည်း ပစ်ချခံရတဲ့ဒုံးကျည်အစအနတွေကို စစ်ဆေးနေတယ်လို့ဆိုပါတယ်။











