Border News Agency
ထိုင်း၊မတ် ၁၆။
ထိုင်း-လာအိုနယ်စပ် မုဒ်ဒါဟန်(Mukdahan )ခရိုင်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၄ သန်းကျော် (၄,၀၂၉,၉၀၀ ပြား) နဲ့အတူ တရားခံ ၃ ဦးကို သက်ဆိုင်ရာ လုံခြုံရေးပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းဘုရင့်တပ်တော်က မတ်လ ၁၅ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ နဲ့ ခရိုင်အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီစစ်ဆင်ရေးကို BPP 234, 236 တပ်ခွဲတွေနဲ့အတူ Surasakmontree Force (Regiment 3) က တပ်ဖွဲ့ဝင်တွေ၊ဒေသခံ လုံခြုံရေးအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ မူးယစ်ဆေးဝါးတွေနဲ့အတူ သယ်ယူပို့ဆောင်ရေးမှာ အသုံးပြုတဲ့ မော်တော်ယာဉ် ၃ စီးကိုလည်း Mukdahan မြို့ပေါ်က နေအိမ်တလုံးမှာ ဖမ်းဆီးရမိခဲ့တာပါ။
အဲဒီ သတင်းစာရှင်းလင်းပွဲကိုတော့ Mukdahan ခရိုင်အုပ်ချုပ်ရေးမှူး Mr. Worayan Bunyarat နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ဆိုပါတယ်။













