Border News Agency
ဖူဂျိုင်ရာ၊ မတ် ၁၆။
ယူအေအီးနိုင်ငံ၊ ဖူဂျိုင်ရာဆိပ်ကမ်းမှာရှိတဲ့ လောင်စာဆီသိုလှောင်ကန်တွေ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး မီးလောင်ပျက်စီးနေတာကို Soar နဲ့ Airbus ရဲ့ဂြိုဟ်တုဓာတ်ပုံမှတ်တမ်းတွေနဲ့ ဒေသတွင်းမီဒီယာတွေရဲ့ဖော်ပြချက်အရသိရပါတယ်။
အဲဒီဂြိုဟ်တုဓာတ်ပုံတွေဟာ မတ်လ ၁၄ ရက်နေ့၊ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၄၆ မိနစ်မှာ ရိုက်ကူးထားတာဖြစ်ပါတယ်။
အဲဒီဒရုန်းကြောင့် လောင်စာဆီသိုလှောင်ကန် အနည်းဆုံး နှစ်လုံးဟာ မီးဟုန်းဟုန်းတောက်နေပြီး အနက်ရောင်မီးခိုးအုပ်ကြီးတွေ ပျံ့နှံ့နေတာကို တွေ့ရပါတယ်။
ဖူဂျိုင်ရာဆိပ်ကမ်းဟာ ဟော်မုဇ်ရေလက်ကြားအပြင်ဘက်မှာရှိတဲ့ ကမ္ဘာ့အဓိက စွမ်းအင်ဗဟိုချက်တခုလည်း ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ထွက်ပေါ်လာတဲ့ မီးခိုးအုပ်ကြီးဟာ ပင်လယ်ပြင်ပေါ်မှာ ရက်အတော်ကြာအောင် ဖုံးလွှမ်းနေဆဲဖြစ်ပါတယ်။













