Border News Agency
ဂျေရုဆလင်၊ မတ် ၁၇ ။
အစ္စရေးလေကြောင်းရန်ကာကွယ်ရေးစနစ်က ကြားဖြတ်ပစ်ချလိုက်တဲ့အီရန်ဒုံးကျည်အစအနတွေဟာ အစ္စရေးနိုင်ငံတစ်ဝှမ်းက နေရာအတော်များများမှာ ပြန့်ကျဲကျရောက်ခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေမှာဖော်ပြပါတယ်။
အထူးသဖြင့် ဂါလီလီဒေသမြောက်ပိုင်းကဆာဖတ်မြို့နဲ့ ဂျေရုဆလင်အရှေ့ပိုင်းကနေရာတချို့မှာ ဒုံးကျည်အစအနတွေကိုတွေ့ရှိခဲ့ရတာပါ။
ဂျေရုဆလင်မြို့ဟောင်းတဝိုက်နဲ့ ရှိတ်ဂျာရာအရပ်တွေမှာလည်း ဒုံးကျည်အစိတ်အပိုင်းတွေကျရောက်ခဲ့တာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေက နယ်မြေရှင်းလင်းရေးနဲ့ သိမ်းဆည်းရေးတွေကိုလုပ်ဆောင်နေပါတယ်။
ပြည်သူတွေအနေနဲ့ အန္တရာယ်မရှိစေဖို့အတွက် ဒီအစအနတွေကိုမကိုင်တွယ်ကြဖို့လည်း သတိပေးထားပါတယ်။












