Border News Agency
နောင်ခိုင်၊ မတ် ၁၇ ။
ထိုင်းနိုင်ငံ၊ နောင်ခိုင်ခရိုင် ဖုန်းဖိဆိုင်မြို့နယ်အတွင်းမှာ စိတ်ကြွဆေးပြား ၄ သိန်း ၂ သောင်းကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းတော်ဝင်တပ်ဖွဲ့က မတ်လ ၁၇ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
မဲခေါင်မြစ်ကြောင်းအတိုင်း စက်လှေနဲ့သယ်ဆောင်လာတဲ့ မသင်္ကာဖွယ်အထုပ်တွေကို ကမ်းစပ်မှာလာရောက်ယူဆောင်သူတွေကို စစ်ဆေးဖို့ကြိုးစားစဉ် မှောင်ခိုသမားတွေက အမှောင်ထုကိုအသုံးချပြီး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ဆိုပါတယ်။
အဲဒီစွန့်ပစ်ထားတဲ့အထုပ်တွေကို တာဝန်သူတွေကစစ်ဆေးရာမှာ အိတ် ၂ အိတ်အတွင်းထည့်ထားတဲ့ စိတ်ကြွဆေးပြား ၄၂၂,၀၀၀ ခန့်ကိုတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီတရားခံတွေကိုဖမ်းဆီးရမိဖို့နဲ့ ဥပဒေအရအရေးယူနိုင်ဖို့ သက်ဆိုင်ရာရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးပိုင်းနဲ့ရေတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။













