Border News Agency
အဘူဒါဘီ၊ မတ် ၁၇ ။
ယူအေအီးနိုင်ငံမှာရှိတဲ့ အမေရိကန်ရဲ့အယ်လ်ဒါဖရာလေတပ်စခန်းကို အီရန်က ဒုံးကျည်တွေ၊ အသေခံဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့ရာမှာ အပြင်းအထန် ပျက်စီးဆုံးရှုံးခဲ့တာကို ဂြိုဟ်တုဓာတ်ပုံအသစ်တွေအရသိရပါတယ်။
အဲဒီအီရန်ဒရုန်းပေါက်ပေါက်ကွဲလို့ အဆောက်အအုံတွေ၊ လေယာဉ်ရုံတွေနဲ့ လက်နက်တိုက်တွေပျက်စီးခဲ့ပြီး အဆောက်အအုံခေါင်မိုးတွေ ပြိုကျတဲ့အထိ ပြင်းထန်ခဲ့တာပါ။
အီရန်ဟာ မတ်လ ၁၆ ရက်၊ မနေ့ကအီရတ်နိုင်ငံဘဂ္ဂဒက်ရှိ အမေရိကန်သံရုံးနဲ့မာ့ဂျ်နွန်ရေနံမြေတို့ကိုလည်း အီရန်ကဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့သလို ဟစ်ဇဘိုလာအဖွဲ့ကလည်း အစ္စရေးမြောက်ပိုင်းကို ဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။










