Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဓာတ်ပုံသတင်း နိုင်ငံရေး သတင်း

ဦးအောင်လင်းဒွေး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဖြစ်လာ

Photo - Papular News

Photo - Papular News

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
7
VIEWS
Share on FacebookShare on Twitter

Border News Agency
​နေပြည်တော်၊ မတ် ၁၈ ။

​တတိယအကြိမ်အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို မတ်လ ၁၈ ရက်၊ဒီနေ့မနက်ပိုင်းမှာ ကျင်းပခဲ့ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးအောင်လင်းဒွေးကို ရွေးချယ်တင်မြှောက်လိုက်ပါတယ်။

ဒီနေ့အစည်းအဝေးမှာ သဘာပတိအဖြစ် ဒေါ်ဒွဲဘူက ဆောင်ရွက်ပြီး ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ ရွေးချယ်မှုကို လုပ်ဆောင်ခဲ့တာပါ။

​အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာသူ ဦးအောင်လင်းဒွေးဟာ ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုပြီး မန္တလေးတိုင်းဒေသကြီး၊ အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ်ကနေ ရွေးကောက်ခံခဲ့ရသူ ဖြစ်ပါတယ်။

သူဟာ အရင်က စစ်တပ်မှာ ဗိုလ်ချုပ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

​ဒါ့အပြင် ဦးအောင်လင်းဒွေးဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာ အတွင်းရေးမှူးတာဝန်နဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီမှာ အမှုဆောင်အရာရှိချုပ် တာဝန်တွေကိုလည်း ယူခဲ့ဖူးပါတယ်။

အခုတော့ လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်လွှဲပြောင်းယူပြီး ဥပဒေပြုရေးကဏ္ဍကို ဦးဆောင်ရတော့မှာပါ။

​အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူရတဲ့အတွက် ဦးအောင်လင်းဒွေးဟာ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ရဲ့ ပထမ ၂ နှစ်ခွဲကာလအတွက် ပြည်ထောင်စုလွှတ်တော် နာယက တာဝန်ကိုပါ ပူးတွဲထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

ဒါဟာ နိုင်ငံရေးအပြောင်းအလဲကာလအတွင်း အရေးပါတဲ့ ရာထူးတခုလည်း ဖြစ်ပါတယ်။

​မတ်လ ၁၆ ရက်နေ့ကလည်း ပြည်သူ့လွှတ်တော်ဘက်မှာ ဥက္ကဋ္ဌအဖြစ် ဦးခင်ရီကို ရွေးချယ်ခဲ့ပြီး ဖြစ်ပါတယ်။

အခု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်မှုပါ ပြီးစီးသွားတဲ့အတွက် လွှတ်တော်နှစ်ရပ်လုံးရဲ့ အကြီးအကဲတွေကို အတည်ပြုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

PrevPreviousသက်ငယ်မုဒိန်းမှုကျူးလွန်သတ်ဖြတ်သူကို ဘူးသီးတောင်အကျဉ်းထောင်ပို့
Nextကချင်ကိုယ်စားလှယ် Jeng Phang နော်တောင် အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌ ဖြစ်လာNext
Previous Post

သက်ငယ်မုဒိန်းမှုကျူးလွန်သတ်ဖြတ်သူကို ဘူးသီးတောင်အကျဉ်းထောင်ပို့

Next Post

ကချင်ကိုယ်စားလှယ် Jeng Phang နော်တောင် အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌ ဖြစ်လာ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

တော်လှန်ရေးအကျိုးမပျက်စေဘဲ ဖြေရှင်းဖို့ ဒူဝါလရှီးလတိုက်တွန်း

March 18, 2026

ကချင်ကိုယ်စားလှယ် Jeng Phang နော်တောင် အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌ ဖြစ်လာ

March 18, 2026
(ဓာတ်ပုံ-အောင်သုခကျေးရွာ/BNA)

သက်ငယ်မုဒိန်းမှုကျူးလွန်သတ်ဖြတ်သူကို ဘူးသီးတောင်အကျဉ်းထောင်ပို့

March 18, 2026

မြန်မာနိုင်ငံကူးလက်မှတ်အတုလုပ်ရင်ထောင်ငါးနှစ်ချမယ်

March 18, 2026

တော်လှန်ရေးအကျိုးမပျက်စေဘဲ ဖြေရှင်းဖို့ ဒူဝါလရှီးလတိုက်တွန်း

ကချင်ကိုယ်စားလှယ် Jeng Phang နော်တောင် အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌ ဖြစ်လာ

ဦးအောင်လင်းဒွေး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဖြစ်လာ

သက်ငယ်မုဒိန်းမှုကျူးလွန်သတ်ဖြတ်သူကို ဘူးသီးတောင်အကျဉ်းထောင်ပို့

မြန်မာနိုင်ငံကူးလက်မှတ်အတုလုပ်ရင်ထောင်ငါးနှစ်ချမယ်

အီရန်အင်အားကို ထရန့် အံ့သြ

Releated Post

တော်လှန်ရေးအကျိုးမပျက်စေဘဲ ဖြေရှင်းဖို့ ဒူဝါလရှီးလတိုက်တွန်း

March 18, 2026

ကချင်ကိုယ်စားလှယ် Jeng Phang နော်တောင် အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌ ဖြစ်လာ

March 18, 2026
Photo - Papular News

ဦးအောင်လင်းဒွေး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဖြစ်လာ

March 18, 2026
(ဓာတ်ပုံ-အောင်သုခကျေးရွာ/BNA)

သက်ငယ်မုဒိန်းမှုကျူးလွန်သတ်ဖြတ်သူကို ဘူးသီးတောင်အကျဉ်းထောင်ပို့

March 18, 2026

မြန်မာနိုင်ငံကူးလက်မှတ်အတုလုပ်ရင်ထောင်ငါးနှစ်ချမယ်

March 18, 2026

အီရန်အင်အားကို ထရန့် အံ့သြ

March 17, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page