Border News Agency
ပါလက်စတိုင်း၊ မတ် ၂၀။
ပါလက်စတိုင်းနိုင်ငံ၊ ဟီဘရွန်ခရိုင်တောင်ပိုင်း ဘိတ်အာဝါမြို့က အမျိုးသမီးအလှပြင်ဆိုင်တခုပေါ်ကို မတ်လ ၁၈ ရက်နေ့ကဒုံးကျည်ကျရောက်လို့ အမျိုးသမီး ၄ ဦး သေဆုံးသွားခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေမှာဖော်ပြပါတယ်။
အဲဒီဒုံးကျဥ်ကို ပါလက်စတိုင်းကကြားဖြတ်ပစ်ခတ်ရာကနေ ထွက်ပေါ်လာတဲ့အပိုင်းအစတွေကျရောက်ခဲ့တာကြောင့် သေဆုံးသွားတာလို့ဆိုပါတယ်။
အဲဒီသေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကို မတ်လ ၁၉ ရက်နေ့ကသင်္ဂြိုဟ်ခဲ့ကြပြီး တမြို့လုံးမှာလည်း ဝမ်းနည်းပူဆွေးမှုတွေ လွှမ်းမိုးနေတယ်လို့ဆိုပါတယ်။
အဲဒီဒုံးကျည်အပိုင်းအစတွေဟာ လေကြောင်းရန် ကာကွယ်ရေးစနစ်ကနေ ကြားဖြတ်ပစ်ခတ်ရာ အလှပြင်ဆိုင်ပေါ်ကို တည့်တည့်ကျရောက်ခဲ့တာလို့ဆိုပါတယ်။
အခုလိုအရပ်သားတွေ သေဆုံးရတဲ့အပေါ် ပါလက်စတိုင်းပြည်သူတွေအကြား စိတ်မကောင်းဖြစ်နေကြတယ်လို့လည်းဆိုပါတယ်။










