Border News Agency
မောင်တော၊ မတ် ၂၂။
အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ အိဒ်ပွဲတော်ကျင်းပနေကြပါတယ်။
အဲဒီနယ်မြေတွေကို စစ်ကော်မရှင်တပ်က လေကြောင်းကင်းထောက်တာတွေပြုလုပ်နေကြတာမို့ သတိထားကျင်းပနေကြတယ်လို့ဆိုကြပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကတော့ ဘာသာပေါင်းစုံကိုတန်းတူအခွင့်အရေးပေးထားသလို လူမျိုးမရွေးနိုင်ငံသားအခွင့်အရေးအပြည့်အဝပေးထားတယ်လို့ ဆိုကြပါတယ်။
























