Border News Agency
တဲလ်အဗီးဗ်၊ မတ် ၂၄။
အီရန်နိုင်ငံက အစ္စရေးနိုင်ငံရဲ့မြို့တော် တဲလ်အဗီးဗ်ကို အလတ်စားပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေနဲ့ မတ်လ ၂၄ ရက်၊ ဒီနေ့ မနက်ကတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေမှာဖော်ပြပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် မြို့တော်အတွင်းက လူနေအိမ်နဲ့အဆောက်အအုံ ဒါဇင်နဲ့ချီပျက်စီးသွားခဲ့ပြီး အပျက်အစီးတွေအောက်မှာ လူတွေပိတ်မိနေတာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေ အပြင်းအထန်လုပ်ဆောင်နေရတယ်လို့ဆိုပါတယ်။
ခုသတင်းတွေအရ လူအများအပြားထိခိုက်ဒဏ်ရာရသွားတယ်လို့သိရပေမယ့် အစ္စရေးဘက်ကတော့ သေဆုံးထိခိုက်မှုအသေးစိတ်ကို အတည်ပြုထုတ်ပြန်တာမရှိသေးပါဘူး။















