Border News Agency
မူး၊ မတ် ၂၆။
ပဲခူးတိုင်း၊မူးမြို့နယ်မှာ စစ်ကော်မရှင်တပ်ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဘန်းကြီးကျောင်းတကျောင်းပျက်စီးသွားတယ်လို့ KNUမှ မတ်လ ၂၅ ရက်နေ့က ထုတ်ပြန်ပါတယ်။
အဲဒီမူးမြို့နယ်၊ နိုဘိုးခီးကျေးရွာကို မတ်လ ၂၃ ရက်၊ နေ့လည်ပိုင်းက စစ်ကော်မရှင်တပ်ရဲ့ ခမရ-၄၃၉ တပ်ရင်းမှ အသေခံဒရုန်နှစ်စင်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းတကျောင်းပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ခလယ်လွီထူခရိုင်အတွင်းရှိ ပြည်သူတွေနေထိုင်ရာကျေးရွာတွေနဲ့ လုပ်ကိုင်စားသောက်ရာလုပ်ငန်းခွင်တွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့နေ့စဉ်ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ပြည်သူလူထုတွေထိတ်လန့်ကြောက်ရွံမှုတွေနဲ့ အသက်ရှင်နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။









