Border News Agency
မြိတ်-ထားဝယ်၊ မတ် ၂၆။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (KNU)ထိန်းချုပ်နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ထီးမိုပွာဒေသရှိ မြစ်ချောင်းအင်းအိုင် နှစ်နေရာကို သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် KNU ကော်သူးလေ မွေးမြူရေးနဲ့ရေလုပ်ငန်းဌာနက သတ်မှတ်လိုက်ပါတယ်။
အဲဒီအခမ်းအနားကို မတ်လ ၂၀ ရက်နေ့ကပြုလုပ်ခဲ့တာဖြစ်ပြီး မြစ်ချောင်းနှစ်နေရာကို ကနဲလော်ဝေ့ နဲ့ ကလောကလေ့” လို့ အမည်သတ်မှတ်ကာ ထိန်းသိမ်းစောင့်ရှောက်ဖို့ ကြေညာခဲ့တာပါ။
အခမ်းအနားကို KNU ခရိုင် မွေးမြူရေးနဲ့ ရေလုပ်ငန်းဌာနမှူး ပဒိုနော်သူးလေဖော၊ ထီးမိုပွာအထူးဒေသဥက္ကဌ ပဒိုစောဒေးထူးနဲ့ ဒေသခံ၇၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။













