Border News Agency
ကျောက်ဖြူ၊ မတ် ၂၇။
ကျောက်ဖြူမြို့နယ်၊ ကြတ္တိန်ရွာကို မတ်လ ၂၅ ရက်၊မနက်ပိုင်းမှာ စစ်ကော်မရှင်တပ်က အသေခံဒရုန်း ၂ စီးနဲ့တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃ ဦး ဒဏ်ရာရသွားခဲ့တယ်လို့သိရပါတယ်။
အဲဒီ ကြတ္တိန်ရွာက အသက် ၃၉ နှစ်အရွယ်ဦးမောင်မြအေး၊အသက် ၁၇ နှစ်အရွယ်မဖြူလှဝင်းနဲ့ စစ်ဘေးရှောင်အမျိုးသမီးဒေါ်မလုံးတို့ ဒဏ်ရာရသွားခဲ့ကြပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်၊ စနဲမြို့ကို မတ်လ ၂၃ရက်နေ့ကလည်းစစ်ကော်မရှင်တပ် ဒရုန်းနဲ့ တိုက်ခိုက်လို့ ကလေးတဦးအပါ
အဝင် အရပ်သား ၄ ဦးဒဏ်ရာရသွားခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ကျောက်ဖြူ အပါအဝင်အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းက တိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ စစ်ကော် မရှင်တပ်ရေကြောင်း၊လေကြောင်းတို က်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။












