Border News Agency
နေပြည်တော်၊ မတ် ၂၇ ။
အာရက္ခစစ်မျက်နှာအပါအဝင်နိုင်ငံအ နှံ့စစ်ရှုံးနေတဲ့ စစ်ကော်မရှင်တပ်ဟာ AA နဲ့ PDF အဖွဲ့ဝင်တွေ အလင်းဝင်လာတယ်ဆိုပြီး ဧရာဝတီတိုင်းမှာ ဟန်ပြဝါဒဖြန့်ပွဲကို မတ်လ ၂၆ ရက်နေ့က လုပ်ခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ဟာ AA အဖွဲ့ဝင် ၁၀ ဦးနဲ့ PDF အဖွဲ့ဝင် ၈ ဦးဟာ လက်နက်တွေနဲ့အတူ အလင်းဝင်လာတယ် လို့ ဆိုပါတယ်။
ဒါပေမယ့် မြေပြင်မှာ စစ်ကော်မရှင်တပ်သားတွေ အစုလိုက်အပြုံလိုက် တော်လှန်ရေးတပ်တွေဆီအညံ့ခံနေတာကို ဖုံးကွယ်ဖို့အတွက် တန်ပြန်ဝါဒဖြန့် နေတာလို့ဆိုကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ သူတို့ရဲ့ အမာခံနယ်မြေတွေမှာ အလင်းဝင်ပွဲတွေမကြာခဏလုပ်နေသလို တပ်တွင်းစိတ်ဓာတ်ပျက်ပြားနေတာကို ပြန်လည်ထိန်းညှိဖို့ ကြိုးစားနေတာလို့ နိုင်ငံရေးလေ့လာသူတွေကဆိုကြပါတယ်။












