Border News Agency
အမေရိကန်၊ မတ် ၂၉။
သမ္မတထရမ့်ရဲ့အာဏာရှင်ဆန်တဲ့ လုပ်ရပ်တွေကိုဆန့်ကျင်တဲ့ ဘုရင်စနစ်မလိုလားဆန္ဒပြပွဲတွေဟာ အမေရိကန်ပြည်နယ် ၅၀ လုံးကမြို့ပေါင်း ၃,၃၀၀ ကျော်မှာ တပြိုင်နက်ပေါ်ပေါက်လာပါတယ်။
အမေရိကန်နဲ့အစ္စရေးတို့ပူးပေါင်းပြီး အီရန်ကိုစစ်စတင်တိုက်ခိုက်ခဲ့တဲ့တလပြည့်မြောက်တဲ့အချိန်မှာ ဒီလှုပ်ရှားမှုတွေအရှိန်မြင့်လာတာပါ။
ဒီတကြိမ်လှုပ်ရှားမှုရဲ့ဗဟိုချက်ဖြစ်တဲ့ မင်နီဆိုတာပြည်နယ်က Twin Cities ဒေသမှာတော့ လူဝင်မှုကြီးကြပ်ရေးအေးဂျင့်တွေရဲ့ အကြမ်းဖက်နှိမ်နင်းမှုကြောင့်သေဆုံးခဲ့ရတဲ့ အမေရိကန်နိုင်ငံသားနှစ်ဦးကို အောက်မေ့သတိရတဲ့အနေနဲ့ လူထုအင်အားပြခဲ့ကြပါတယ်။
အဲဒီဆန္ဒပြသူတွေဟာ အမေရိကန်ဟာဒီမိုကရေစီနိုင်ငံဖြစ်ပြီး ဘုရင်စနစ်ကိုလက်မခံဘူးဆိုတာကို အဓိကထားဟောပြောခဲ့ကြပါတယ်။
အဲဒီပွဲမှာ အထက်လွှတ်တော်အမတ် Bernie Sanders နဲ့ နာမည်ကျော်အနုပညာရှင် Bruce Springsteen တို့ကလည်း ပါဝင်အားဖြည့်ခဲ့ကြပါတယ်။
Sanders က “အမေရိကန်မှာ ပြည်သူတွေကသာ အုပ်ချုပ်သူဖြစ်ရမယ်လို့ လူထုကိုသတိပေးပြောကြားခဲ့သလို သရုပ်ဆောင်ကြီး Robert De Niro ကလည်း ဗီဒီယိုကနေတဆင့် အားပေးစကားပြောကြားခဲ့ပါတယ်။













