Border News Agency
မြောက်ဦး၊ မတ် ၃၀။
မြောက်ဦးမြို့နယ်၊ ပီပင်ရင်းကျေးရွာမှာ မတ်လ ၂၉ ရက်၊ ညနေ ၄ နာရီအချိန်ခန့်က နေအိမ်တလုံး မီးလောင်သွားခဲ့ပါတယ်။
အဲဒီမီးလောင်ချိန်မှာ မိသားစုဝင်တွေမရှိဘဲ ညနေငါးနာရီဝန်းကျင်မီးငြိမ်းသွားချိန်မှသာအိမ်ပြန်ရောက်လာခဲ့တာပါ။
အဲဒီမီးလောင်မှုကြောင့် အိမ်ပြန်ဆောက်ဖို့ စုဆောင်းထားတဲ့ သစ်ပုံတွေအပြင်အဝတ်သေတ္တာတွေနဲ့ ဆန်ရိက္ခာတွေမီးထဲပါသွားတယ်လို့ဆိုပါတယ်။
“ဝတ်ကောင်းစားကောင်းတွေက အိမ်မှာပဲရှိတာ။အခုတော့ တဲမှာဝတ်တဲ့ အဝ တ်စုတ်လေးတွေပဲ ကျန်တော့တယ်။” လို့ နေအိမ်မီးလောင်သွားတဲ ကိုသန်းတင်က Border News Agency ကိုပြောပါတယ်။
အဲဒီမီးဘေးသင့်မိသားစုအခက်အခဲဖြစ်နေပြီး ဆုံနေအိမ်ပြန်ဆောက်ဖို့အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။














