Border News Agency
တောင်ကုတ်၊ မတ် ၃၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့နယ်၊ ရွှေတောင်သာရွာမှာ မတ်လ ၂၅ ရက်နေ့၊ ညကအရက်အတူသောက်ရာမှ စကားများရန်ဖြစ်ပြီး လူသတ်မှုဖြစ်ခဲ့တယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံယရေးဌာနထုတ်ပြန်ပါတယ်။
အဲဒီမောင်ပုချေနဲ့ ကျော်ဌေးဟာအတူသောက်ဖော်မောင်မောင်ဆန်းကို ဓားမြှောင်တွေနဲ့ဝိုင်းထိုးသတ်ခဲ့တာကြောင့် မောင်မောင်ဆန်းဟာ အခင်းဖြစ်နေရာမှာတင် သေသွားခဲ့တာပါ။
အဲဒီလူသတ်မှုကျူးလွန်ခဲ့တဲ့ တရားခံနှစ်ဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနက မတ်လ ၂၉ ရက်နေ့ဖမ်းဆီးခဲ့ပြီး ဥပဒေနဲ့အညီအမှုဖွင့် အရေးယူထားတယ်လို့ဆိုပါတယ်။
အာရက္ခဒေသမှာ ၂၀၂၆ ခုနှစ်ရဲ့ ပထမသုံးလအတွင်း လူသတ်မှုပေါင်း ၁၆ မှုထိဖြစ်ခဲ့ပြီး အများစုဟာအရက်သေစာသောက်စားမူးယစ်ရာမှ စိတ်မထိန်းနိုင်ဘဲကျူးလွန်ခဲ့ကြတာလို့ ဆိုပါတယ်။
အဲဒါကြောင့် လူသတ်မှုတွေလျော့နည်းလာစေဖို့အတွက် တရားမဝင်အရက်ထုတ်လုပ်ရောင်းချတာတွေကို တားဆီးတာနဲ့ဥပဒေအသိပညာပေးတာတွေကို ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။
















