Border News Agency
တီးတိန်၊ ဧပြီ ၂။
PDF ZOLAND ရဲ့အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁၈ ဆင်းပွဲကို ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
“ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးဖို့” ဆိုတဲ့ ရည်မှန်းချက်နဲ့အတူ မိမိတို့ရဲ့တီးတိန်မြို့ကို ကိုယ်တိုင်တိုက်ယူနိုင်ဖို့အတွက် အခုလိုစစ်ရေးလေ့ကျင့်မှုတွေကို အားသွန်ခွန်စိုက် ပြင်ဆင်နေတာလို့ဆိုပါတယ်။
ချင်းညီနောင်စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ တီးတိန်စစ်ဆင်ရေးမှာ အောင်လံအတူတူ စိုက်ထူနိုင်ဖို့အတွက် ရဲဘော်သစ်တွေကို မွေးထုတ်ပေးလိုက်တာပါ။
တီးတိန်မြို့ကို ပြည်သူ့လက်ထဲ ပြန်လည်ရောက်ရှိရေးအတွက် ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ ဇိုမီးပြည်သူအားလုံးအနေနဲ့ ဒီစစ်ဆင်ရေးမှာ အတူတကွ ပါဝင်အားဖြည့်ပေးကြဖို့ကိုလည်း PDF ZOLAND က တိုက်တွန်းထားပါတယ်။
PDF ZOLAND အနေနဲ့ မြို့သိမ်းတိုက်ပွဲတွေအတွက် အမြဲတမ်းအသင့်ရှိနေပြီး သမိုင်းသစ်ကိုအတူတူရေးထိုးကြဖို့ ပြည်သူတွေကို ဖိတ်ခေါ်ထားပါတယ်။


























