Border News Agenvy
ဘားအံ၊ဧပြီ ၃။
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို ဧပြီလ ၂ ရက်၊ မနေ့က စစ်ကော်မရှင်ပြန်ဖွင့်ပါတယ်။
အဲဒီလမ်းဟာ တိုက်ပွဲတွေနဲ့လမ်းတံတားပျက်စီးမှုတွေကြောင့် သွားလာလို့မရဘဲပိတ်ထားခဲ့ရတာဖြစ်ပြီး ပြန်ပြုပြင်ပြီးစီးသွားပြီလို့ဆိုပါတယ်။
အဲဒီလမ်းကို ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ စစ်ဘက်ဆိုင်ရာတာဝန်ရှိသူတွေတက်ရောက်ခဲ့ကြသလို ခရီးသည်တင်ယာဉ်နဲ့ ကုန်တင်ယာဉ်တွေလည်း စတင်ဖြတ်သန်းသွားလာနေပြီလို့ဆိုပါတယ်။


















