Border News Agency
ဘဂ္ဂဒက်၊ ဧပြီ ၅ ။
အီရတ်နိုင်ငံ၊ မြို့တော်ဘဂ္ဂဒက်မှာ ဆဒ်ဒရစ်လှုပ်ရှားမှုနဲ့ ရှီအိုက်ဘာသာဝင်ထောက်ခံသူသောင်းနဲ့ချီဟာ အမေရိကန်နဲ့အစ္စရေးတို့ရဲ့ အီရန်အပေါ် တိုက်ခိုက်မှုကို ဆန့်ကျင်ကြောင်း ဧပြီလ ၄ ရက်နေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
အဲဒွဆန္ဒပြသူတွေဟာ ဘဂ္ဂဒက်မြို့လယ်ခေါင်မှာစုဝေးခဲ့ကြတာဖြစ်ပြီး စစ်ပွဲကိုဆန့်ကျင်တဲ့ကြွေးကြော်သံတွေနဲ့အတူ အမေရိကန်နဲ့အစ္စရေးတို့ရဲ့ လုပ်ရပ်တွေကို ရှုတ်ချခဲ့ကြတာပါ။
အဲဒီစုဝေးမှုဟာ ဒေသတွင်းမှာရှိတဲ့ အရေိကန်နဲ့ဆက်နွှယ်နေတဲ့ အင်အားစုတွေကြားမှာလည်း ဂယက်ရိုက်ခတ်မှုရှိလာနိုင်သလို အီရတ်နိုင်ငံသားတွေအနေနဲ့ အီရန်ဘက်ကရပ်တည်ကြောင်း ပြသလိုက်တာလည်းဖြစ်ပါတယ်။
အဲဒီဆန္ဒပြပွဲအတွင်း ကောင်းကင်ယံကရိုက်ကူးထားတဲ့ဓာတ်ပုံတွေအရ လူလှိုင်းကြီးသဖွယ်များပြားလှတဲ့ ဆန္ဒပြသူတွေဟာမြို့တော်လမ်းမတွေကို ပိတ်ဆို့ထားတာကို တွေ့ရပါတယ်။













