Border News Agency
ဓနုဒေသ၊ ဧပြီ ၁၂ ။
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF/DPLA) က ကြီးမှူးဖွင့်လှစ်တဲ့ စစ်ဘက်ဆိုင်ရာအခြေခံရုံးသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲကို ဓနုဒေသတနေရာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဲဒီသင်တန်းကို တလတာကြာမြင့်စွာ သင်ကြားပေးခဲ့တာဖြစ်ပြီး စစ်ဘက်ဆိုင်ရာရုံးလုပ်ငန်းတွေအပြင် အခြေခံနိုင်ငံရေး၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ LGBT ဆိုင်ရာနဲ့ဓနုလူမျိုးတွေအကြောင်း စတဲ့ ဘာသာရပ်တွေကိုကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးခဲ့တာပါ။
သင်တန်းဆင်းပွဲနဲ့ သင်တန်းဆင်းလက်မှတ်အပ်နှင်းတဲ့အခမ်းအနားကို ဇန်နဝါရီလ ၂၄ ရက်နေ့မှာပြုလုပ်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင်တွေရဲ့အရည်အချင်းမြှင့်တင်ဖို့ ရည်ရွယ်တယ်လို့သိရပါတယ်။
အဲဒီအခမ်းအနားမှာ DPLF/DPLA ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က ရဲဘော်တဦးချင်းစီမှာ တာဝန်ယူမှု၊တာဝန်ခံမှုရှိစေဖို့နဲ့ တော်လှန်ရေးကာလအတွင်း စိတ်ဓာတ်ခိုင်မာစေဖို့အတွက် အားပေးစကားတွေပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဥက္ကဋ္ဌကသင်တန်းသားရဲဘော်တွေနဲ့ သင်ကြားပေးခဲ့တဲ့ဆရာ၊ဆရာမတွေကို ကျေးဇူးတင်စကားပြောကြားခဲ့ပြီး တော်လှန်ရေးလုပ်ငန်းစဉ်တွေမှာ အကျိုးရှိရှိပြန်လည်အသုံးချသွားဖို့ တိုက်တွန်းခဲ့ပါတယ်။











