Border News Agency
မင်းတပ်၊ ဧပြီ ၁၂။
ချင်းညီနောင်တပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်၊ မင်းတပ်မြို့ကို ဧပြီလ ၁၁ရက်နေ့၊ ည၁၀နာရီအချိန်ခန့်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့လို့ ပျက်စီးမှုများခဲ့ပါတယ်။
အဲဒီမင်းတပ်မြို့ပေါ် နေရာတွေကို စစ်ကော်မရှင်တပ်တိုက်လေယာဥ်တွေအစုလိုက်၊ အပြုံလိုက်အပြင်းအထန်လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်နှစ်ဆယ်ကျော်အပါအဝင် အိမ်စီးကားလေးစီးထိခိုက်ပျက်စီးသွားပါတယ်။
စစ်ကော်မရှင်တပ်ဟာ အရပ်သားပြည်သူတွေနေထိုင်ရာနေရာတွေကို ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် အရပ်သားပြည်သူတွေသေဆုံးဒဏ်ရာရနေကြပါတယ်။




























