Border News Agency
လယ်ဒို၊ ဧပြီ ၁၂။
ပဲခူးတိုင်း၊ လယ်ဒိုမြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ လူနေအိမ်တွေပျက်စီးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဧပြီလ ၁၂ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီလယ်ဒိုမြို့နယ် သစ်ဖယောင်းတန်းကျေးရွာကို ဧပြီလ ၉ ရက်နေ့က စစ်ကော်မရှင်တပ်မှ စက်တပ်လေထီးသုံးစင်းနဲ့ ၁၂၀ မဗုံးသီးခြောက်လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်ငါးလုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ကော်လေဒဲကျေးရွာကိုလည်း စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနေအိမ်တလုံးပျက်စီးခဲ့ပြီး နောက်ထပ်အရပ်သားတဦးရဲ့ ကြက်တဲတလုံးပါပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေနဲ့ လုပ်ကိုင်စားသောက်ရာလုပ်ငန်းခွင်တွေကို ဒရုန်း၊ လက်နက်ကြီး၊ လေယာဉ်တွေနဲ့နေ့စဉ်ရက်ဆက်ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် အရပ်သားပြည်သူလူတွေမှာ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ အသက်ရှင်နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။












