Border News Agency
ကရင်ပြည်၊ ဇူလိုင် ၇။
ကရင်အမျိုးသားအစည်းအရုံးဌာနချုပ်ဟောင်း မာနယ်ပလောပြန်တိုက်ယူခဲ့သူတပ်မှူးနှစ်ဦးကို ဆုချီးမြှင့်ခဲ့တယ်လို့ ဇူလိုင်လ ၇ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်နှစ်သုံးဆယ်ကြာတပ်စွဲထားတဲ့ဗျူဟာစခန်းအဆင့် ပွိုင့် ၉၁၃ ကို ပြန်ရဖို့ ဦးဆောင်တိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှဒုတိယဗိုလ်မှူးကြီးစောခင်လေး (စစ်ဌာနချုပ်- ပြောက်ကြားတပ်ဖွဲ့ တာဝန်ခံ)၊ ဒုတိယဗိုလ်မှူးကြီး စောတင်မြင့်ထူး (တပ်မဟာ-၇၊ တပ်ရင်း ၂၂ တပ်ရင်းမှူး) ကို ဇူလိုင်လ ၅ နေ့ရက်က ကော်သူးလေရဲစွမ်းသတ္တိဆုတံဆိပ် ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ဆင်ရေးမှာ တိုက်ပွဲဝင်ခဲ့ကြတဲ့စစ်သည်တော်တွေကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခဲ့တယ်လို့ဆိုပါတယ်။










