Border News Agency
ထားဝယ်၊ ဇူလိုင် ၁၀။
မြိတ်-ထားဝယ်ခရိုင်ရှိ၊ ၅၅မိုင် ရော်ဘာခြံ ကော့လှိုင်နဲ့မရမ်းချောင်းကြားကို ဇူလိုင်လ ၈ ရက်နေ့က စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်လို့ ကလေးငယ်သုံးဦးအပါအဝင်လေးဦးသေဆုံးပြီး တဦးဒဏ်ရာရသွားတယ်လို့ ကရင်အမျိုး သားအစည်းအရုံးမှ ဒီနေ့ထုတ်ပြန်ပါတယ်။
လယ်ဒိုစိုး(ရေဖြူ)မြို့နယ်၊ ပစောလောနဲ့ ကော့လှိုင်ကျေးရွာကြားရှိ အမှတ်-၈ လမ်းမကြီးအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ ခလရ ၂၈၂ မှ လက်နက်ကြီးပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။
အဲဒီလက်နက်ကြီးဟာ မြစ်ဝကျွန်းပေါ်ဒေသမှလာရောက်နေထိုင်ကြတဲ့မိသား စုနေအိမ်မှာကျရောက်ခဲ့ပြီး မိသားစုတွေသေဆုံး၊ဒဏ်ရာရသွားတာလို့ဆိုပါတယ်။
အဲဒီသေဆုံးသူတွေမှာ အသက်တနှစ်အရွယ်ယောကျ်ားလေးတဦး၊ အသက်နှစ်နှစ်ခွဲအရွယ်မိန်ကလေးတဦ၊အသ က်ဆယ့်တနှစ်အရွယ် မမြတ်ဖူးခိုင်၊အ သက်ငါးဆယ်အရွယ် ကိုအေးခိုင်သေ ဆုံးသွားပြီး အသက်သုံးဆယ်ရှစ်နှစ်အ ရွယ်မပပဝင်းမှာ ဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။
မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ အရပ် သားပြည်သူနေရာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ပြီး လူ့အခွင့်အရေးချိုးဖောက်တာတွေ မကြာခ ဏကျူးလွန်နေတယ်လို့ ဆိုပါတယ်။
အဲဒီလိုပစ်ခတ်လို့ အရပ်သားပြည်သူတွေ၊ကလေးသူငယ်တွေ သေဆုံး၊ ဒဏ်ရာရနေကြတယ်လို့ ဆိုပါတယ်။
အဲဒီလိုလူ့အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးချိုးဖောက်မှုတွေကို ကရင်အမျိုးသားအစည်းအရုံးက ဆန့်ကျင်တယ်လို့ ဆိုပါတယ်။









