Border News Agency
ကျောက်မဲ၊ ဇူလိုင် ၁၁။
ကျောက်မဲမြို့မှာ ဇူလိုင်လ ၁၀ရက်၊မနက် ၃ နာရီအချိန်ခန့်က စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အမျိုး သားတဦးသေဆုံးပြီး ခြောက်ဦးဒဏ် ရာရသွားတယ်လို့ တအာင်းတပ်မတော်
က ထုတ်ပြန်ပါတယ်။
ကျောက်မဲမြို့၊ ကော်လီဟိုတယ်၊ မြို့မရဲစခန်း၊ခရိုင်ရဲရုံးကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဗုံးပေါက်ကွဲလို့ အမျိုးသား ၁ ဦး သေဆုံးပြီး အမျိုးသမီးတဦးနဲ့ အမျိုးသားလေးဦးထိခိုက်ဒဏ်ရာရသွားသလို နေအိမ်လေးလုံးလည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် မိုးကုတ်မြို့၊ပန်မထိပ်ကျေး ရွာမှာ ဇူလိုင်လ ၁၀ ရက်နေ့က စစ်ကော င်စီတပ်လေကြောင်းတိုက်ခိုက်လို့ က လေးငယ်နှစ်ဦးသေဆုံးပြီးကလေးငယ်နှစ်ဦး၊အမျိုးသားနှစ်ဦး၊အမျိုးသမီးလေးဦးဒဏ်ရာရသွားသလို နေအိမ်ခုနှစ်လုံးလည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာနှစ်ပတ်အတွင်း ကျောက်မဲမြို့ကိုလေးကြိမ်၊နောင်ချိုမြို့နယ်၊သုံးဆယ်ကျေးရွာကိုတကြိမ်၊မိုးကုတ်မြို့ကိုတကြိမ်၊သီပေါမြို့ကိုတကြိမ်စုစုပေါင်းခုနှစ်ကြိမ်ထိ လေကြော င်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဗုံးကြောင့် ကလေးငယ်အပါအဝင် အရပ်သားခြောက်ဦးသေဆုံးခဲ့ပြီးက လေးငယ်နှစ်ဦးအပါအဝင်နှစ်ဆယ့်ရှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတ ယ်။
အဲဒီအပြင်နေအိမ်အလုံးငါးဆယ်၊စာ သင်ကျောင်းတကျောင်း၊ ဘုန်းကြီးကျောင်းလေးကျောင်းလည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် စစ်ကောင်စီတပ်လေကြောင်းရန်ကိုရှောင်နိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာ ကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို ပြည်သူတွေလိုက်နာကြဖို့လိုတယ်လို့ ဆိုပါတယ်။