Border News Agency
ကော့ကရိတ်၊ ဇူလိုင် ၁၃။
ကော့ကရိတ်မြို့နယ်၊ ဥကရစ်ထကျေးရွာအနီးရှိ စစ်ကောင်စီတပ်ရဲ့ ဥကရစ်ထစခန်းကိုတော်လှန်ရေးတပ်တွေသိမ်း ပိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစ ည်းအရုံးက ဇူလိုင်လ ၁၃ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ကရင်အမျိုး သားကာကွယ်ရေးတပ်ဖွဲ့၊ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တွေက ဇူလိုင်လ ၁၂ နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာလို့ဆိုပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲက လက်နက်ခဲယမ်းအမြောက်အများကိုလည်း သိမ်းဆည်းရမိခဲ့သလိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထိုင်းနိုင်ငံဖက်ကို ထွက်ပြေးသွားကြတယ်လို့ဆိုပါတယ်။

















