Border News Agency
လောက်ကိုင်၊ သြဂုတ် ၃။
အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ရဲ့ကျန်းမာရေးဦးစီးဌာနမှအပတ်စဉ် ၁ ဆေးဘက်ဆိုင်ရာဝန်ထမ်းလေ့ကျင့်ရေးသင်တန်းဖွင့်လှစ်ခဲ့တယ်လို့ သြဂုတ်လ ၃ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီသင်တန်းကို သြဂုတ်လ ၁ ရက်နေ့မှာ သင်တန်းသားနှစ်ရာကျော်နဲ့ဖွင့်လှစ်ခဲ့တာလို့ဆိုပါတယ်။
သင်တန်းရဲ့ရည်ရွယ်ချက်မှာကျန်းမာရေးဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှုအဆင့်အတန်းနဲ့သူနာပြုစုစောင့်ရှောက်ရေးစွမ်းရည်တွေကို ပိုပြီးမြှင့်တင်ပေးပြီး တပ်တော်ရဲ့ ခိုင်မာတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးဖို့ဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီသင်တန်းကို ထောက်ပို့ရေးဌာန ဒုတိယဌာနမှူးဗိုလ်မှူးကြီး Mr. Yang Fu Rong၊ ဗိုလ်မှူးကြီး Mr.Xie Guang Hua၊ထောက်ပို့ရေးဌာန၊ ကျန်းမာရေးဦးစီးဌာနရဲ့အကြံပေးပုဂ္ဂိုလ်ဗိုလ်မှူးကြီး Mr.Zhang Hong Ying ၊ကျန်းမာရေးဦးစီးဌာနဌာနမှူးဒုတိယဗိုလ်မှူးကြီး Mr.Mao Jian Neng ၊ဒုတိယဌာနမှူး ဗိုလ်မှူး Mr.Yang Zi Jian၊ဌာနတွေက တာဝန်ခံအရာရှိတွေ၊သင်တန်းဆရာတွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။










