Border News Agency
စစ်ကိုင်း၊ သြဂုတ် ၁၂။
စစ်ကိုင်းမြို့နယ်မှာ သြဂုတ်လ ၁၁ ရက်၊ မနေ့က စစ်ကောင်စီတပ်လေကြောင်းတိုက်လိုက်လို့ အရပ်သားဆယ့်ခြောက်ဦးသေဆုံးပြီး နှစ်ဆယ်ကျော်ဒဏ်ရာရသွားခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်ကိုင်းမြို့၊ တောင်းရင်းရွာအနီးကို မနေ့၊နေ့လည် ၂နာရီခွဲအချိန်ခန့်ကတိုက်လေယာဉ်နှစ်စီးနဲ့ လေကြောင်းမှ အကြိမ်နှစ်ဆယ်ထိတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကဆိုကြပါတယ်။
အဲဒီလိုလေကြောင်းတိုက်ခိုက်လို့ သေဆုံး၊ ဒဏ်ရာရသူအများအပြားရှိခဲ့ပြီး မနေ့ကသေဆုံးသူအလောင်းခုနှစ်လောင်းတွေ့ခဲ့ရာ ဒီနေ့ရှင်းလင်းရေးလုပ်ရာမှာ သေဆုံးသူတဆယ့်ခြောက်ဦးတွေ့တယ်လို့သိရပါတယ်။
အဲဒီသေဆုံးသူအများစုဟာစစ်ကိုင်းနဲ့ မတ္တရာမြို့နယ်တွေက အရပ်သားတွေဖြစ်ကြပြီး ခရီးသွားပြည်သူတွေနဲ့ကုန်ကား သမားတွေနားနေတဲ့ စားသောက်ဆိုင်ထဲမှာကျတာကြောင့် သေဆုံး၊ဒဏ်ရာရတာများခဲ့တာလို့သိရပါတယ်။