Border News Agency
မကွေး၊ သြဂုတ် ၁၉။
မကွေးတိုင်း၊ ဆိတ်ဖြူမြို့နယ်ရှိ ကျေးရွာသုံးရွာကို သြဂုတ်လ ၁၉ ရက်နေ့၊ မနက်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားဆယ်ဦးသေ ဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ ကျွန်းတော၊ ငါးချဥ်ချောင်း၊ ရှားလှကျေးရွာတွေကိုရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာမို့ အရပ်သားတွေအပြင် နွားရှစ်ကောင်လည်း သေဆုံးသွားခဲ့ပါတယ်။
အဲဒီဆိတ်ဖြူမြို့နယ် ကျွန်းတောကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ၁၂၀ မမ ငါးလုံးပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားနှစ်ဦး၊ အမျိုးသမီးသုံးသေဆုံးသွားခဲ့သလိုရှစ်ဦးဒဏ်ရာရသွားခဲ့ပြီးပါတယ်။
အဲဒီငါးချဥ်ချောင်းကျေးရွာကိုလည်း စစ်ကောင်စီက ၁၂၀ မမတလုံးကြဲချခဲ့တာကြောင့်နွတကောင်သေဆုံးခဲ့ပြီးနေအိမ် တလုံးပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင်ရှားလှကျေးရွာကို ၁၂၀ မမသုံးလုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးနှစ်ဦးနဲ့အမျိုးသားသုံးဦးသေဆုံးပြီး နွားလေးကောင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီကျေးရွာသုံးခုကို စစ်ကော်မရှင်တပ်မှ ဒီနေ့တရက်တည်းမှာ တချိန်တည်း လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေကဆိုကြပါတယ်။
မြန်မာပြည်အနှံ့မှာ လေကြောင်းတိုက်ခိုက်မှုတွေကို စစ်ကော်မရှင်တပ်နေ့စဥ်ရက်ဆက်ပြုလုပ်နေတာမို့ အရပ်သားပြည်သူတွေ နေ့စဥ်သေဆုံးဒဏ်ရာရနေကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုပြုလုပ်လာနေပေမယ့် ကမ္ဘာ့ကုလသမဂ္ဂ၊အာဆီယံအပါအ ဝင် နိုင်ငံတကာအစိုးရတွေက ထိရော က်တဲအရေးယူတာတွေမရှိကြဘူးလို့မြန်မာပြည်သူတွေက ဆိုကြပါတယ်။






















Comments 2
провайдеры по адресу красноярск
krasnoyarsk-domashnij-internet006.ru
какие провайдеры интернета есть по адресу красноярск
https://telegra.ph/Cseh-aut%C3%B3p%C3%A1lya-matrica-v%C3%A1s%C3%A1rl%C3%A1s-10-19