Border News Agency
မောင်တော၊ သြဂုတ် ၁၉။
အာရက္ခ-ဘင်္ဂလာနယ်စပ်၊ မောင်တောမြို့နယ်မှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်တွေဆီက ယူနီဆက်တံဆိပ်ပါအိတ်တွေကို အာရက္ခတပ်တော်(AA)က သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီမောင်တောမြို့နယ်ကို နယ်စပ်ဖြတ်ကျော်ခိုးဝင်လာကြပြီးအကြမ်းဖက်မှုတွေကျူးလွန်ဖို့ကြိုးစားနေကြတဲ့ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်း ဖက်သမားနှစ်ဦးကို ကျွန်းပေါက်ပြုစုရွာအနောက်ဖက်မှာ အာရက္ခတပ်တော်က တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အ ကြမ်းဖက်သမားနှစ်ဦးဟာ တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးသွားကြပေမယ့် ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာက လေးများရန်ပုံငွေအဖွဲ့(UNICEF)တံဆိပ်ပါအိတ်တွေ၊အသုံးအဆောက်ပစွည်းတွေ၊လက်နက်ခဲယမ်းတွေကို ပစ်ထားခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အ ကြမ်းဖက်သမားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေကို အဓိကအမှီပြုပြီးအကြမ်းဖက်မှုတွေကျူးလွန်နေကြသလို ဘင်္ဂလားဒေ့ရှ်စစ်တပ်က အကူအညီကာအကွယ်ပေးထားတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ဆိုကြပါတယ်။
အဲဒီအပြင် အာရက္ခ-ဘင်္ဂလားနယ်စပ်ကို တရားမဝင််နယ်စပ်ဖြတ်ကျော်ပြီးမောင်တောခရိုင်မှာအကြမ်းဖက်မှုတွေမကြာမဏကျူးလွန်နေကြတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
နောက်ပြီး အာရက္ခ-ဘင်္ဂလားနယ်စပ်၊ မောင်တောခရိုင်ရှိ အာရက္ခတက်တော်ကင်းစခန်းတွေ၊ တပ်စခန်းတွေကို ချောင်းမြောင်းတိုက်ခိုက်တာတွေမကြာခဏပြုလုပ်နေသလို အရပ်သားပြည်သူတွေကို ချောင်းမြောင်းပစ်ခတ်တာတွေ၊ဖမ်းဆီးသတ်ဖြတ်တာတွေ၊ပြန်ပေးဆွဲတာတွေ မကြာခဏကျူးလွန်နေကြတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒီအာရက္ခ-ဘင်္ဂလားနယ်စပ်၊ မောင်တောခရိုင်ကို အကြမ်းဖက်တိုက်ခိုက်ဖို့အတွက် ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေဟာ နေရာအများအပြားမှာအရပ်သားတွေနဲ့အတူဝင်ရောက်နေထိုင်နေကြသလို နယ်စပ်တလျှောက်နဲ့မယူတောင်ကြောနေရာတချို့မှာစခန်းချနေကြတယ်လို့ ကိုယ်တိုင်မြင်တွေ့နေကြရသူ မောင်တောမြို့န ယ်မှပြည်သူတွေက ဆိုကြပါတယ်။









Comments 2
Your blog is a breath of fresh air in the often stagnant world of online content. Your thoughtful analysis and insightful commentary never fail to leave a lasting impression. Thank you for sharing your wisdom with us.
https://telegra.ph/Tot-ce-trebuie-s%C4%83-%C8%99tii-despre-utilizarea-drumurilor-din-Cehia-%C8%99i-necesitatea-unei-vignete-01-12