Border News Agency
ကျိုက်ထို၊ ဩဂုတ် ၁၉။
ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းရွာကို စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ အရပ်သားတဦးသေဆုံးပြီး ငါးဦးဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ သြဂုတ်လ ၁၉ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပျဥ်းကတိုးကုန်း ကျေးရွာအုပ်စုပိန္နဲကုန်းရွာကို သြဂုတ်လ ၉ ရက်နေ့ကလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်တာခဲ့ကြောင့်နေအိမ် ငါးလုံး၊ကားသုံးစီး၊ဆိုင်ကယ်သုံးစီးပျ က်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ကျောက်လုံးကြီးကျေးရွာ အုပ်စု၊ဝင်းသောင်ရွာ၊ကျောက်ပုံရွာကြားကို သြဂုတ်လ ၁၁ ရက်နေ့က လက်နက်ကြီးပစ်ခတ်လို့ ဒေသခံတွေအလုပ်နေရာသို့ကျရောက်ပေါက်ကွဲခဲ့တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ချောင်းပြန့်ကျေးရွာကို လက်နက်ငယ်တွေနဲ့ပစ်ခတ်လို့ အသက်ငါးဆယ်အရွယ်အမျိုး သမီးတဦးဒဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။













