Border News Agency
ပဲခူး၊ သြဂုတ် ၂၄ ။
သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ၂ မှရဲဘော်တွေရဲ့အပတ်စဥ် ၇ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သြဂုတ်လ ၂၄ ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။
အဲဒီသင်တန်းဆင်းပွဲကို သြဂုတ်လ ၂၂ ရက်နေ့ကပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းရှိ ပဲခူးရိုးမတစ်နေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ်၂စစ်ဆင်ရေးနယ်မြေမှာ ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီပွဲမှာ သင်တန်းဆင်းရဲဘော်တွေရဲ့ စစ်ရေးပြအခမ်းအနားပြုလုပ်ခဲ့ပြီး သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ရဲ့ တပ်ရင်းမှူးဗိုလ်သက်အောင်(ယာယီ)နဲ့ တပ်ခွဲ၂ ရဲ့ တပ်ခွဲမှူး ဗိုလ်တိမ်တိုက် အပါအဝင်တက်ရောက်လာတဲ့ တာဝန်ရှိသူတွေက အမှာစကားတွေ ပြောကြားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီနောက် သင်တန်းဆင်းရဲဘော်တွေ သစ္စာရည်သောက်ပြီးစစ်ရေးပြချီတက်ကာ အခမ်းအနားပြုလုပ်ပြီးစီးခဲ့တယ်လို့ဆိုပါတယ်။