Border News Agency
စစ်ကိုင်း၊ ဩဂုတ် ၂၄။
စစ်ကိုင်းတိုင်းကလေးမြို့နယ်ရှိဆယ်ရက်ကြာတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်သုံးဦးရဲ့အလောင်းရခဲ့ပြီးလက်နက်ဆယ်လက်သိမ်းဆည်းရမိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသကမှ သြဂုတ်လ ၂၄ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
ကလေးခရိုင်၊ကလေးမြို့နယ်၊စောင်းပုကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်တတက-၁၀မှ ဗိုလ်မှူးသန်းမင်စထိုက်၊ဗိုလ်ကြီးထွန်းလင်းသူနဲ့ စကခ – ၁၀ လက်အောက်ခံ ခမရ-၃၆၃မှ ကြည်း – ၄၇၁၇၁ ဗိုလ်ကြီးဝင်းမင်းစိုးတို့ဦးစီးပြီးအင်းအား ၁၂၀ ကျော်စစ်ကြောင်းကိုသြဂုတ်လ ၆ ရက်နေ့မှ ၁၅ ရက်နေ့ထိ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲတွင် စစ်ကော်မရှင်တပ်သား သုံးဦးသေဆုံးကာ လက်နက်ဆယ်လက်နဲ့ ခဲယမ်းအမြောက်အများအပြားသိမ်းဆည်းရမိခဲ့သလို စစ်သုံ့ပန်းတဦးဖမ်းမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် တိုက်ပွဲအတွင်းမှာ စစ်ကော်မကှင်တပ်မှ အဓ္ဓမစစ်သားစုဆောင်းထားတဲ့ ဟိန္ဒူဂေါ်ရခါးလူမျိုး စစ်မှုထမ်းစစ်သားတွေလည်း အများအပြားသေဆုံးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီစစ်ကြောင်းကို အမှတ် ၅ အထူးလှုပ်ရှားတပ်ရင်း၊အမှတ် ၆ အထူးလှုပ်ရှား တပ်ရင်း၊ကလေးခရိုင်အထူးစစ်ကြောင်း (PDF + ပကဖ၊ကလေးမြို့နယ်ပကဖ၊ ကလေးဝမြို့နယ်ပကဖ၊ မင်းကင်းမြို့တယ် ပကဖနဲ့ PDF Zoland-Drone Team တို့ပူးပေါင်းတိုက် ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ လက်မျိုးစုံဆယ်လက်နဲ့ ခဲယမ်း မီးကျောက်MG-42တလက်၊ BA-100 တလက်၊ MA-4တလက်၊ MA-E နှစ်လက်၊ MA-1နှစ်လက်၊ MA-3တလက်၊ MA-42 ပြောင်းပိုနှစ်ခု၊RPG ဒုံးသီးငါးခု၊ ကျည်ဘောက်မျိုးစုံနှစ်ဆယ့်လေးခု၊၄၀ မမ ဗုံးသီးဆယ့်နှစ်လုံးသိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင်၇.၆၂ ကပစကျည် ၁၉၀၃ တောင့်၊ ၅.၅၆ ကပစ ကျည်၁,၃၈၉ တောင့်၊ ၁၄ မိုင်းငါးခု၊ ၈၄ မမ မှန်ပြောင်းတခု၊၈၁ မမ မှန်ပြောင်းတခု၊ အီနာဂါ ဗုံးသီးတခုနဲ့ကျည်ကာဦးထုပ်တလုံးလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။