Border News Agency
ကော့စ်ဘဇာ၊ သြဂုတ်၂၅။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒုက္ခသည်စခန်းတွေရှိ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသားအခွင့်အရေးအပြည့်အဝပေးဖို့ ဆန္ဒပြတောင်းဆိုနေကြပါတယ်။
အဲဒီဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ဒုက္ခသည်စခန်းတွေရှိ ရိုဟင်ဂျာတွေဟာ လူမျိုးတုန်းသ တ်ဖြတ်ခံရမှုအထိမ်းအမှတ်အောက်မေ့ဖွယ်နေ့အခမ်းအနားမှာ ခုလိုတောင်းဆိုနေကြတာဖြစ်ပါတယ်။
သူတို့ဟာ မြန်မာနိုင်ငံသားမှတ်ပုံတင်၊ မြန်မာနိုင်ငံသားအခွင့်အရေးအပါအဝ င်အချက်လေးချက်ကို တောင်းဆိုနေကြတာပါ။
မြန်မာစစ်တပ်ဟာ ၂၀၁၇ ခုနှစ်က မော င်တောဒေသမှာနယ်မြေရှင်းလင်းမှုစစ်ဆင်ရေးပြုလုပ်ခဲ့တာမို့တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့လူခုနှစ်သိန်းနီးပါးထွ က်ပြေးခဲ့ကြတာပါ။
ဒါပေမယ့်ရှစ်နှစ်ကြာထိနေရပ်မပြန်နိုင်ကြသေးသလို နေရပ်ပြန်မယ့်မောင်တောဒေသနယ်မြေအားလုံးကို အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။
အဲဒီဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ဒုက္ခသည်စခန်းတွေရှိ ရိုဟင်ဂျာတွေဟာတသန်းကျော်ထိတိုးလာနေပြီး ရိုဟင်ဂျာအမည်ခံလ က်နက်ကိုင်တွေလည်း နယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုတွေမကြာခဏကျူးလွန်နေကြတယ်လို့ မောင်တောဒေ သခံတွေက ဆိုကြပါတယ်။
အဲဒီ”ရိုဟင်ဂျာ”အမည်ကို မြန်မာနိုင်ငံမှာ တရားဝင်အသိအမှတ်မပြုသလို ရိုဟင်ဂျာအမည်နဲ့လူမျိုးမရှိဘူးလို့လည်းမြန်မာအစိုးရအဆက်ဆက်ထုတ်ပြန်ထားပါတယ်။