ပုဏ္ဏားကျွန်းမှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ အရပ်သားလေးဦးသေဆုံး
ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာကို မတ်လ ၂၅ ရက်၊ ညနေ ၇ နာရီအချိန်ခန့်က စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားလေးဦးသေဆုံးပြီးဆယ့်သုံးဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီပုဏ္ဏားကျွန်းမြို့၊ လိပ်ကုန်းပြင်ရပ်ကွက်က အသက်ဆယ့်ကိုးနှစ်အရွယ် ကိုမောင်သက်နိုင်၊ အသက်လေးဆယ်ငါးနှစ်အရွယ်ဒေါ်မရီ၊ အသက်ငါးဆယ်သုံးနှစ်အရွယ်ဦးသန်းမောင်၊အသက်နှစ်ဆယ့်ငါးနှစ်အရွယ်ရဲလင်းစိုး သေဆုံးသွားခဲ့ပါတယ်။ သူတို့ဟာ ပုဏ္ဏားကျွန်းမြို့မှ ...









