တောင်ကုတ်မှာ မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦး ဒဏ်ရာရ
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့နယ်မှာ ဧပြီလ ၆ ရက်နေ့၊ နေ့လည်က မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦးဒဏ်ရာရသွားခဲ့တယ်လို့ တောင်ကုတ်မြို့ခံတွေက ဆိုကြပါတယ်။ အဲဒီတောင်ကုတ်မြို့နယ်၊ ကြိုးကြာကွင်းကျေးရွာက အသက်နှစ်ဆယ့်ငါးနှစ်အရွယ်ကိုဟိန်းမင်းစိုးမှာ ညာဖက်လက်ညိုးပြတ်ထွက်သွားသလို လည်ပင်းမှာလည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ သူဟာ ဒီနေ့၊နေ့လည် ...









