Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်တွေခရိုင် နိုင်ငံရေး ပေါက်တောမြို့နယ် အင်တာဗျူး အာရက္ခဒေသ

“အဲဒီဦးကျော်သန်းဟာ ဘယ်လောက်ထိ ULA /AA ကိုအားမနာလုပ်လဲဆိုရင်… ရပ်ရွာအုပ်ချုပ်ရေးမှူးတယောက်အနေနဲ့ပေါ့။”

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
53
VIEWS
Share on FacebookShare on Twitter

အင်တာဗျူး
Border News Agency
ပေါက်တော၊ ဇန်နဝါရီ ၁၃။

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ပေါက်တောမြို့နယ်မှာ ULA ရပ်ကျေးအုပ်ချုပ်ရေးမှူးတဦးဟာ ကျေးရွာသားတဦးကိုဖမ်းဆီးခေါ်ဆောင်သွားပြီး​နောက် သေဆုံးသွားခဲ့ပါတယ်။

အဲဒီလိုသေဆုံးတာဟာ နှိက်စက်သတ်ဖြတ်ခံရတာမို့မိသားစုဝင်တွေက အမှုဖွင့်တိုင်းကြားပေမယ့် အဓိကတာဝန်ရှိသူအုပ်ချုပ်ရေးမှူးလွတ်မြောက်နေပါတယ်။

အဲဒီအမှုအသေးစိတ်ကို မိသားစုဝင်တဦးက Border News Agency ကို ပြောပြထားပါတယ်။

“ကျနော့်ညီလေးက မေလ ၃ ရက်နေ့ ၂၀၂၄ ရက်နေ့ပါ။ အဲဒီနေ့မှာသူက ရွာထဲကိုသွားပြီးအရက်သောက်ခဲ့ပါတယ်။ အိမ်ကိုရောက်တာနဲ့ မိန်းမနဲ့စကားများတယ်။ စကားများကြတာကို သူတို့အိမ်နားက သန်းထွန်းအောင်ဆိုတဲ့လူက ဥက္ကဋ္ဌအိမ်ကိုသွားတိုင်တယ်။

သွားတိုင်တော့ ကျနော့်ညီက သူတို့ကိုမင်းဘာကြောင့်သွားတိုင်ရလဲဆိုပြီးတော့ သူ့နောက်ကိုလိုက်တဲ့အခါ ဥက္ကဋ္ဌဦးကျော်သန်း၊ ထွန်းအေးဝေ၊ သန်းထွန်းအောင်သုံးယောက်စလုံးလမ်းမှာတွေ့တော့ ကျနော့်ညီကိုဖမ်းပြီးတော့ ဦးကျော်သန်း အိမ်ကိုခေါ်ယူသွားတယ်။

သူ့အိမ်ကိုရောက်တာနဲ့ခြောက်ပေါက်ထည့်ပြီးတော့ ညနေသတ်လိုက်ကြတာပါ။သတ်လို့ပြီးတာနဲ့ သူတို့ကနေပြီးတော့ အလောင်းဖျောက်ဖို့လည်းသွားခဲ့ကြသေးတယ်။

ပြီးတော့မှ အလောင်းဖျောက်လို့ ရပ်ရွာကလူတွေတွေ့တော့မှ ကိုယ့်ဖင်ကို မလုံဘူးဆိုတော့မှ ရွာကိုတင်လာပြီးမှ ကျနော်ညီမိသားစုနဲ့မိန်းမမိသားစုကို နင့်ယောက်ျား ကြိုးဆွဲချလို့သေပြီဆိုပြီးတော့ မုသားစကားတွေပြောတာလည်းရှိပါတယ်။

အမှန်တကယ်သူကြိုးဆွဲချလို့သေရင်ကြိုးဆွဲချလို့သေတဲ့သူနဲ့ ရိုးရိုးသေတဲ့လူနဲ့မတူဘူး။ဓားထိုးပြီးသေတဲ့သူနဲ့ဝမ်းအောင့်ပြီးသေတဲ့သူနဲ့မတူပါဘူး။အမျိုးမျိုးသူတို့က အပြစ်ကလွှတ်အောင် အမျိုးမျိုးဝါဒဖြန့်ထားတာတွေလည်းရှိပါတယ်။ ကျနော်ကတော့ အဲဒါတွေကိုမလိုအပ်လို့မတင်ပြတာတွေလည်းရှိပါတယ်။”

“အသက်ကတော့ ၃၂ ပါ။ သူကမိန်းမနာမည်ကတော့ မိုးမိုးသိန်းပါ။ သူ့မိန်းမမိသားစုတွေလဲဆင်းရဲတယ်။ ပြောရမယ်ဆိုရင် ကိုယ့်ယောကျာ်းတယောက်သေသွားတတောင်မှ ရုံးမတက်နိုင်တဲ့အစိတ်ပိုင်းတွေရှိတယ်။ ကျနော်တို့တွေလဲဆင်းရဲတယ်၊ ပင်ပန်းတယ်။

ကျနော်တို့ကရိုးသားမှုကိုတိုင်ပင်ထားတဲ့လူတွေပါပဲ။ ကျနော်တို့တို့ခုလိုပြောတာတွေ၊ လုပ်တာတွေကအာရက္ခတပ်တော်ကိုမချစ်တာမဟုတ်ဘူး။ ကျနော်တို့မှာလည်းအာရက္ခတပ်တော်မှာမိသားစုရှိတယ်။ ခုသေသွားတဲ့ကောင်လေးအောက်ကတယောက်ဆို အာရက္ခတပ်တော်မှာရှိတယ်။ တာဝန်ထမ်းဆောင်လို့။ မိသားစုဆိုလည်း ULA မှာလည်းရှိတယ်။ တပ်တော်မှာလည်းရှိကြတယ်။ အဲလိုမျိုးပါ။

“အင်တာနက်လိုင်းတွေလည်းမရဆိုတော့ သူ့မိန်းမနဲ့လည်းစကားပြောလို့မရဘူး။သူတို့တွေကလည်းဘယ်လောက်ဘဲပြောပြောယောကျာ်းတယောက်သေသွားရင်တော့ အကုန်လုံးကတော့ခံစားရတာပါပဲ။ ကိုယ်နဲ့ ဆွေမျိုးတော်စပ်တဲ့လူတယောက်သေသွားရင်တောင်ခံစားရတယ်။ခုယောကျာ်းတယောက်လုံးသေသွားတာသူလည်းအများကြီးခံစားရမှာပေါ့။ ခံစားရတဲ့အထဲမှာ သူသေသွားတဲ့လပိုင်းအတွင်းကလေးမွေးတယ်။ သူ့ဗိုက်ထဲမှာကိုယ်ဝန်ကျန်ခဲ့တယ်။သားလေးတယောက်မွေးပါတယ်။ပြောရမယ်ဆိုရင်ပြောစရာတွေအများကြီးပါ။

ကျနော်တို့က ခုကျနော်ညီကိုသတ်သွားတဲ့သူတို့သုံးယောက်စလုံးကိုသတ်ရမယ်လို့တောင်းဆိုတာလည်းမဟုတ်ဘူး။ပြီးတော့ ပြစ်မှုလုပ်တဲ့လူတွေကိုထိရောက်တဲ့အတိုင်းလုပ်ပေးစေချင်လောက်တဲ့သဘောတွေကိုတောင်းဆိုတာပါ။ကျနော့်ညီသေသလို သေဒဏ်၊သေမိန့်ချရမယ်လို့ အဲလိုမျိုးတခါမှမတောင်းဆိုခဲ့ဖူးပါဘူး။ ထိရောက်တဲ့တရားဥပဒေတရပ်နဲ့ထိရောက်တဲ့ပြစ်ဒဏ်တွေကိုပေးပါဆိုပြီးတောင်းဆိုခဲ့တာ။

ခုဒီဦးကျော်သောင်းကို လွှတ်လိုက်တဲ့ကိစ္စမှာ ပြောစရာတော့အများကြီးရှိပါတယ်။ ဒါပေမယ့်လည်းကျနော်တို့ကနေပြီးတော့ ရုံးက စာရွက်စာတမ်းတွေမရောက်သေးလို့လောလောဆယ် ဒီအကြောင်းကိုအရမ်းတော့ပြောလို့မရသေးပါဘူး။ ကျနော်တို့က ဆုံးဖြတ်ချက်ကိုထိရောက်တဲ့တရားဥပဒေတရပ်ဖြစ်တယ်ဆိုတာကို တောင်းဆိုမျှော်လင်ခဲ့တာပဲရှိခဲ့တယ်။

ခုဒီအဓိကတရားခံပါဝင်တဲ့ ဦးကျော်သန်းတယောက်လွတ်သွားတာက ကျနော်တို့လုံးဝစိတ်မကောင်းဖြစ်ရတယ်။ ကျနော့်ညီတယောက်ကရက်ရက်စက်စက်အသတ်ခံထားရတာလေ။ ခု ၉၆ ပါးရောဂါနဲ့သေသွားတဲ့ပုံစံမျိုးကမဟုတ်ဘူးလေ။

အဲဒီဦးကျော်သန်းဟာ ဘယ်လောက်ထိ ULA /AA ကိုအားမနာလုပ်လဲဆိုရင်… ရပ်ရွာအုပ်ချုပ်ရေးမှူးတယောက်အနေနဲ့ပေါ့။ သူပြောတာတွေက ကျနော့်ညီကကိုယ့်ကိုကိုယ် ကြိုးဆွဲချပြီးသေတယ်တဲ့။ ခြေထောက်တွေလက်တွေကိုကြိုးချည်ထားတာတဲ့လူကဘယ်လိုကြိုးတွဲချမလဲ။

ကြိုးဆွဲချလို့သေတယ်လို့ထားလိုက်အုံး… သူတို့မှာသက်ဆိုင်ရာနယ်မြေဒေသတရားရုံးတွေ ရှိတယ်။ ဒီဖက်ကဆိုရင် သပြေကန်ရုံးဌာနတွေရှိတယ်။ အဲဒီကရဲဌာနတွေက လာလို့ပြီးမှ ဒီအမှုကိုမှတ်တမ်းဓာတ်ပုံတွေယူလို့ပြီးမှ သူတို့ကလက်တင်ရမှာ။ ခုသူတို့က အဲဒီအလောင်းကိုစိတ်ကြိုက်လုပ်ပြီးပြီ။ပြီးတော့မှ သူတို့ကနေပြီးတော့ ကိုယ့်ကိုကိုယ်ကြိုးဆွဲချလို့သေတယ်ဆိုပြီးတော့မိသားစုတွေကိုလာပြောတယ်။

တကယ်ဟာသတွေလုပ်နေပြီး သူတို့တွေကိုယ့်လိပ်ပြာကိုယုံလားဆိုတာကို ကျနော်မေးကြည့်ချင်ပါတယ်။ နောက်ဆိုရင် ဒီလူသတ်မှုတွေကိုထမင်းစားရေသောက်လိုလုပ်လာကြမယ်လို့မြင်မိတယ်။

ပြစ်မှုကျူးလွန်တဲ့လူတွေကထောင်ကိုမကြောက်လို့ကျူးလွန်ထားကြတာပါ။ သူတို့ကနေပြီး ထောင်ကျတာဘာဆန်းလို့လဲ။အဲဒီလိုပုံစံမျိုးခံယူထားကြတယ်။ ဒီဘုရားခေတ်ကသာသနာတော်ထဲသို့ ဒေဝဒတ်ဝင်ရောက်လာတာနေပြီးဘုရားရှင်နဲ့ ဘုရားရှင်ရဲ့သာသနာတော်ကိုကြည်ညိုလေးစားလို့မဟုတ်၊ ဖျက်စီးအောင်ဖျက်စီးဖို့အတွက်ဝင်ရောက်လာတာဖြစ်တယ်။

ခုလည်းဒီပေါက်တောမြို့နယ်ကိုင်းကျောင်းရွာကအုပ်ချုပ်ရေးမှူးဦးကျော်သန်းဟာ ဒေဝဒတ်နဲ့အတူတူပဲလို့ကျနော်သုံးသပ်တယ်။

သူတဦးကြောင့်နဲ့ULA ဘယ်လောက်သိက္ခာကျသွားလဲဆိုတာကိုသူတို့မသိဘူး။အခုမှရပ်ရွာအုပ်ချုပ်ရေးမှုးတာဝန်ကိုစလုပ်တဲ့လူတယောက် ဦးကျော်သန်းလိုလူတယောက်ကနေပြီးတော့ အာဏာရူးလို့လူသတ်တယ်ဆိုတာကနိုင်ငံတကာအမြင်မှာအရမ်းအရုပ်ဆိုးတဲ့လုပ်ရပ်တခုဖြစ်တယ်လို့ကျနော်မြင်မိပါတယ်။

“ဗဟိုကိုတော့တက်ပါမယ်။ တက်မယ်ဆိိုရင် သူ့ကိုလွှတ်လိုက်လို့ဒီအတိုင်းအရှုံးပေးလိုက်လို့မရဘူးလေ။ ဒီအတိုင်းအရှုံးပေးလိုက်ရင် သူလုပ်တာကို ကျွန် တော်တို့တဖက်သတ်အားပေးသလိုဖြစ်သွားမယ်။ ဒီလိုသာကျွန်တော်တို့မလုပ်လိုက်ဆိုရင် နောက်နောင် ဒီထက်မကလူသတ်လာမယ်။ဒီထက်မကအာဏာ ပြလာမယ်။ ဒီထက်မကသူတို့က အနိုင်ကျင့်လာမယ်။ အဲဒီလိုဆိုရင် ကျနော်တို့ပြည်သူလူထုတယောက်အနေနဲ့နေပြီးတော့ တော်တော်ခံလာရမှုတွေဖြစ်လာမယ်။

ဒီအတိုင်းကျနော်တို့ထားလိုက်လို့မရဘူး။ ကျွန်တော်ကိုယ်တိုင်က ဒီအမှုကို ဗဟိုထိတက်မယ့်အလား အလာရှိပါတယ်။ လောလောဆယ်တော့ ကျွန်တော်တို့ဗဟိုကို စာတော့မတင်ရသေးဘူး။”

“ဦးကျော်သန်းကို ဘယ်လိုပုံစံမျိုး မင်းပြားခရိုင်ကဆုံးဖြတ်လိုက်လည်းဆိုတဲ့စာက ကျနော်ဆီကို မရောက်သေးဘူး။ ကျနော့်ဆီကို ဒီနေ့ရောက်တာနဲ့ချက်ချင်းတင်မယ်။ ကျနော့်မှာ သူငယ်ချင်းဘော်ဒါတွေနဲ့အမှန်တရားရအောင်အတွက်လုပ်ထားတဲ့ ပုံစံအနေ အထားတွေလည်းရှိပါတယ်။ အခုက ဗဟိုကိုတော့ စာတွေမကမ်းရသေးပါဘူး။တင်မယ်ဆိုတာကိုတော့ မီဒီယာတွေမှာ ကျနော်က အသိပေးပြောကြားတာတွေတော့ရှိပါတယ်။”

အဲဒီခြိမ်းခြောက်တဲ့လူတွေဆီ နောက်ဆုံးကျနော့်သူငယ်ချင်းကို အဲဒီရွာအထိသွားပြီးလေ့လာဖို့ခိုင်းလိုက်တယ်။သူတို့ကဘယ်ရုံးမှာနေတာ။ အဲဒီရွာကိုရောက်တာနဲ့သူတိုဟာအဲဒီအိမ်မှာစားကြတယ်။ အဲဒီအိမ်မှာသောက်ကြတယ်။ပြောရမယ်ဆိုရင် ဘော်ဒါတွေလိုလူတွေပါ။ ဒီအမှုကိုတရားမျှတအောင်လုပ်ရမယ်။ဒီတိုင်းလုပ်လို့မရဘူး။

အဲလိုလူတွေလောက်ပဲရှိတယ်။ ကျနော်လည်းစဉ်းစားတယ်။ ကျနော်လုပ်တာတရားများလား။ သူတို့ပြောတာတရားများလား။ နောက်ထပ်ကျနော့်ကို ဘယ်သူကဖင်ထိုးလဲ။ အဲဒီလိုကျ​နော့်ကိုအမြဲတမ်းစဉ်းစားပေးပြီးသား။ ဒီဟာက ကျနော့်ဖက်က ဝင်ပြောလို့ကျနော်အားပေးတဲ့ပုံစံမျိုး။ ကျနော်ဘယ်သူကိုမှမသတ်မှတ်ဘူး။ သူတို့က လမ်းစဉ်မှန်ရင် ဘယ်သူပြောတာကိုမဆိုလက်ခံတယ်။

PrevPreviousချင်းညီနောင်လေးဖွဲ့ စုပေါင်းပြီး CPU / CPA ကို ဖွဲ့စည်း
NextICJ မှာနိုင်ငံအတွက်အစွမ်းကုန်ကာကွယ်မယ်လို့ ဦးကိုကိုလှိုင်ပြောNext
Previous Post

ချင်းညီနောင်လေးဖွဲ့ စုပေါင်းပြီး CPU / CPA ကို ဖွဲ့စည်း

Next Post

ICJ မှာနိုင်ငံအတွက်အစွမ်းကုန်ကာကွယ်မယ်လို့ ဦးကိုကိုလှိုင်ပြော

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - ပဲခူးတိုင်းစစ်ဌာန

ပဲခူးတိုင်း PDF အမှတ် ၂ စစ်ဆင်ရေးနယ်မြေ အခြေခံစစ်သင်တန်းဆင်းပွဲ

March 15, 2026

အမေရိကန်ဒုံးကျည်ကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ အီရန်ထုတ်ပြန်

March 15, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

​ယူအေအီးရှိရေနံသိုလှောင်ကန်တွေကို အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ မီးလောင်ကျွမ်း

March 15, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

အီရန်ရှိ အမှတ် ၈လေတပ်အခြေစိုက်စခန်းကို အမေရိကန်နဲ့အစ္စရေးတိုက်ခိုက်

March 15, 2026

ပဲခူးတိုင်း PDF အမှတ် ၂ စစ်ဆင်ရေးနယ်မြေ အခြေခံစစ်သင်တန်းဆင်းပွဲ

ထိုင်းမှာ စိတ်ကြွဆေးပြား ၄ သန်းကျော်နဲ့ တရားခံ ၃ ဦး ဖမ်းမိ

အမေရိကန်ဒုံးကျည်ကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ အီရန်ထုတ်ပြန်

ကစယ်ဒိုမှာ KTLAတပ်ဖွဲ့တိုက်ခိုက်လို့ ဗထူးတပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံး

ထန်းတပင်မှာ စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ အရပ်သားသုံးဦးဒဏ်ရာရ

​ယူအေအီးရှိရေနံသိုလှောင်ကန်တွေကို အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ မီးလောင်ကျွမ်း

Releated Post

ဓာတ်ပုံ - ပဲခူးတိုင်းစစ်ဌာန

ပဲခူးတိုင်း PDF အမှတ် ၂ စစ်ဆင်ရေးနယ်မြေ အခြေခံစစ်သင်တန်းဆင်းပွဲ

March 15, 2026
ဓာတ်ပုံ - ထိုင်းဘုရင့်တပ်တော်

ထိုင်းမှာ စိတ်ကြွဆေးပြား ၄ သန်းကျော်နဲ့ တရားခံ ၃ ဦး ဖမ်းမိ

March 15, 2026

အမေရိကန်ဒုံးကျည်ကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ အီရန်ထုတ်ပြန်

March 15, 2026
ဓာတ်ပုံ - KNU

ကစယ်ဒိုမှာ KTLAတပ်ဖွဲ့တိုက်ခိုက်လို့ ဗထူးတပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံး

March 15, 2026
ဓာတ်ပုံ- KNU

ထန်းတပင်မှာ စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ အရပ်သားသုံးဦးဒဏ်ရာရ

March 15, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

​ယူအေအီးရှိရေနံသိုလှောင်ကန်တွေကို အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ မီးလောင်ကျွမ်း

March 15, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page