Border News Agency
ကျောက်ဖြူ၊ အောက်တိုဘာ ၁၃။
ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင်ရေတပ်က လက်နက်ကြီးပစ်ခတ်လို့ သုံးနှစ်အရွယ်ကလေးတဦးဒဏ်ရာရသွားခဲ့ပါတယ်။
စစ်ကော်မရှင်ရေတပ်ဟာအောက်တိုဘာလ ၁၂ ရက်၊ ညနေ ၇ နာရီအချိန်က ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ရွာကို လက်နက်ကြီးပစ်ခတ်ခဲ့တယ်လို့ ရွာသားတွေကဆိုကြပါတယ်။
အဲဒီလိုလက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ကျောက်ပြောက်ရွာက ဦးမျိုးသူအောင်နဲ့ ဒေါ်ဝင်းမိုးနွယ်တို့ရဲ့သား အသက်သုံးနှစ်အရွယ်မောင်ပိုးရွှေလ မင်းခြေထောက်မှာဒဏ်ရာရသွားခဲ့ပါတယ်။
ကျောက်ဖြူမြို့နယ်၊မင်းရပ်တိုက်နယ်၊ကျောက်ပြောက်ရွာအောက်ပင်လယ်ပြ င်ရှိ စစ်ကော်မရှင်ရေတပ်ကလက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် မောင်ပိုးရွှေလမင်းမှာဒဏ်ရာရသွားတာလို့ဆိုပါတယ်။
အဲဒီအပြင် စစ်ကော်မရှင်ရေတပ်ဟာ ကျောက်ဖြူမြို့နယ်၊ငအုပ်ကျေးရွာကို အောက်တိုဘာလ ၁၀ ရက်နေ့က ရွယ်ရည်ချက်ရှိရှိလက်နက်ကြီးတွေပစ်ခတ်ခဲ့တာကြောင့် အသက်ရှစ်ဆယ်ခြောက်နှစ်အရွယ်ဦးအောင်ဇံမှာ ဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်၊ငအုပ်ရွာနဲ့ ဝမျှောင်ရွာကြားပင်လယ်ပြင်ရှိ စစ်ကော် မရှင်ရေတပ်စစ်သင်္ဘောက ရွယ်ရည်ချက်ရှိရှိလက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ဦးအောင်ဇံရဲ့ရင်ဝမှာ ဒဏ်ရာရသွားသလို နေအိမ်လည်းပျက်စီးသွားခဲ့ပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်၊လိပ်ခမော်ရွာဟောင်းကို ပြီးခဲ့တဲ့ဩဂုတ်လ ၁၄ ရက်နေ့က စစ်ကောင်စီရေတပ်မှ လက်ကြီးပစ်ခတ်လို့ အသက်လေးဆယ်အရွယ်ဦးခင်မောင်ချစ်သေဆုံးသွားခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ကျောက်ဖြူ အပါအဝင်အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊လေယာဉ်တွေနဲ့ဆက်တို က်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းက တိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ စစ်ကော် မရှင်တပ်ရေကြောင်း၊လေကြောင်းတို က်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။