Border News Agency
မင်းပြား၊ နိုဝင်ဘာ ၇။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မင်းပြားမြို့ကို နိုဝင်ဘာလ ၇ ရက်၊ ဒီနေ့ည ၈ နာရီကျော်အချိန်ခန့်က စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ ဆယ်ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုကြပါတယ်။
အဲဒီမင်းပြားမြို့၊ မြို့သစ်ရပ်ကွက်ရှိ မိုးထိအောင်ဘော်ဒါဆောင်ကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီထိခိုက်ဒဏ်ရာရသူဆယ်ဦးထဲမှာ နှစ်ဦးစိုးရိမ်ရတယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင်ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာကို နိုဝင်ဘာလ ၇ ရက်၊ ဒီနေ့၊ မနက် ၁၁ နာရီအချိန်ခန့်က စစ်တွေအခြေစိုက်တပ်ရင်းကတိုက်ခိုက်လို့ ကွမ်းတောင်ကျေးရွာက အသက်ငါးဆယ့်ငါးနှစ်အရွယ် ဦးသန်းမောင်ဒဏ်ရာရသွားတာပါ။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာကိုလည်း နိုဝင်ဘာလ ၇ ရက် ၊ ဒီနေ့၊ နေ့လည်၁၁ နာရီ ၂၀ မိနစ်အချိန်က စစ်ကော်မရှင်တပ်ဗုံးကြဲတိုက်ခိုက်လို့ ဒေါ်လှရွှေနုဗုံးစထိမှန်ပြီး ညာဖက်ပေါင်ဒဏ်ရာရသွားပါတယ်။
အဲဒီအပြင် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာကို နိုဝင်ဘာလ ၇ ရက်၊ ဒီနေ့၊ မနက် ၁၁ နာရီ ၃၀ မိနစ်အချိန်က စစ်ကော်မရှင်တပ် လေကြောင်းတိုက် ခိုက်လို့ ကလေးနှစ်ဦးအပါအဝင် ငါးဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရသွားပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏပြုလုပ်နေတာမို့ အရပ်သားပြည်သူတွေ မကြာခဏသေဆုံးဒဏ်ရာ
ရနေကြပါတယ်။






