Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်တွေခရိုင် စစ်ရေး ပုဏ္ဏားကျွန်းမြို့နယ် သတင်း အာရက္ခဒေသ

ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကော်မရှင်တပ်တိုက်ခိုက်လို့ ငါးဦးသေပြီး ကိုးဦးဒဏ်ရာရ

(ဓာတ်ပုံ - စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ သေဆုံးသွားသူတွေ / ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံး)

(ဓာတ်ပုံ - စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ သေဆုံးသွားသူတွေ / ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံး)

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
4
VIEWS
Share on FacebookShare on Twitter

Border News Agency
ပုဏ္ဏားကျွန်း၊ နိုဝင်ဘာ ၇။

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာသုံးရွာကို နိုဝင်ဘာလ ၇ ရက်၊ ဒီနေ့ စစ်ကော်မရှင်တပ်တိုက်ခိုက်လို့ ငါးဦးသေဆုံးပြီးကိုးဦးဒဏ်ရာရသွားပါတယ်။

အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာကို နိုဝင်ဘာလ ၇ ရက်၊ ဒီနေ့၊ မနက် ၁၁ နာရီအချိန်ခန့်က စစ်တွေအခြေစိုက်တပ်ရင်းကတိုက်ခိုက်လို့ ကွမ်းတောင်ကျေးရွာက အသက်ငါးဆယ့်ငါးနှစ်အရွယ် ဦးသန်းမောင်ဒဏ်ရာရသွားတာပါ။

အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာကိုလည်း နိုဝင်ဘာလ ၇ ရက် ၊ ဒီနေ့၊ နေ့လည်၁၁ နာရီ ၂၀ မိနစ်အချိန်က စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်လို့ ဒေါ်လှရွှေနုဗုံးစထိမှန်ပြီး ညာဖက်ပေါင်ဒဏ်ရာရသွားပါတယ်။

အဲဒီအပြင် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာကို နိုဝင်ဘာလ ၇ ရက်၊ ဒီနေ့၊ မနက် ၁၁ နာရီ ၃၀ မိနစ်အချိန်က စစ်ကော်မရှင်တပ် လေကြောင်းတိုက် ခိုက်လို့ ကလေးနှစ်ဦးအပါအဝင် ငါးဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရသွားပါတယ်။

အဲဒီပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏပြုလုပ်နေတာမို့ အရပ်သားပြည်သူတွေ မကြာခဏသေဆုံးဒဏ်ရာ
ရနေကြပါတယ်။

အဲဒီပုဏ္ဏားကျွန်းမြို့နယ်နဲ့ စစ်တွေမြို့နယ်ကြားမှာ အာရက္ခတပ်တော်နဲ့စစ်ကော်မရှင်တပ်ကြား အပြန်အလှန်ပစ်ခတ်မှုတွေ မကြာခဏဖြစ်နေသလိုစစ်ရေးတ င်းမာမှု အမြင့်ဆုံးဖြစ်နေ့တယ်လို့ ဆိုကြပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကော်မရှင်တပ် ပြန်သိမ်းဖို့ကြိုးစားပြင်ဆင်နေပြီး ပုဏ္ဏားကျွန်းမြို့နယ်မှာ​ ခြေကုတ်ယူထိုးစစ်ဆင်ဖို့ စစ်အင်အားဖြည့်ပြင်ဆင်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

အဲဒီပုဏ္ဏားကျွန်းမြို့နယ်ဟာ ပြည်နယ်စစ်ကော်မရှင်ရုံးစိုက်ထားတဲ့ စစ်တွေမြို့ နယ်နဲ့ နယ်နိမိတ်ဆက်စပ်နေသလို ကုလားတန်စီမံကိန်း ဖြတ်သန်းလာလမ်း ကြောင်းမှာ တည်ရှိနေပါတယ်။

အဲဒီပုဏ္ဏားကျွန်းမြို့နယ်ကို ပြီးခဲ့တဲ့ ၂ ၀၂၄ခုနှစ်၊ မတ်လ ၄ ရက်နေ့က အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားတာမို့ ဒေသကွပ်ကွဲမှု စစ်ဌာနချုပ်တည်ရှိရာ ပြည်နယ်မြို့တော်စစ်တွေကို စစ်ရေးအရခြိမ်းခြောက်ထားပါတယ်။

စစ်ကော်မရှင်တပ်ဟာ ရွှေမင်းဂံအမှတ် ၃ ဗျူဟာစစ်ရေယာဉ်စုတပ်ရင်းနေရာအပါအဝင် စစ်တွေမြို့နယ်ကို ဝင်ရောက်လာနိုင်တဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ် အနီးအနားနေရာအားလုံးမှာ ရေတပ်စစ်သင်္ဘောတွေ၊ အထိုင်ခံစစ်တွေပြုလုပ်ပြီး အင်အားထောင်ချီဖြည့်တင်း ခံစစ်ပြုလုပ်ထားပြီမို့ စစ်တွေမြို့နယ်ကို အာရက္ခတပ်တော် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ဖို့ မလွယ်တော့ဘူးလို့ စစ်ကော်မရှင်တပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။

အဲဒါကြောင့် စစ်ကော်မရှင်တပ်ရဲ့ကြည်း၊ ရေ၊ လေ ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုင်ပြန်သိမ်းနိုင်မယ့် ပုဏ္ဏားကျွန်းမြို့နယ်ဟာ စစ်ကော်မရှင်တပ် ပထမဆုံးပြန်
သိမ်းဖို့ ထိုးစစ်ဆင်မယ့်မြို့နယ်ဖြစ်နိုင်တာမို့ အရပ်သားးပြည်သူတွေ၊ စစ်ဘေးရှောင်တွေ ကြိုတင်ပြင်ဆင်သတိထားသင့်တယ်လို့ စစ်ရေးလေ့လာစောင့်ကြည့်နေကြသူတွေက ဆိုကြပါတယ်။

PrevPreviousပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ရွာကို စစ်ကော်မရှင်တပ် လက်နက်ကြီးပစ်လို့ တဦးဒဏ်ရာရ
Nextမင်းပြားမြို့ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ ဆယ်ဦးဒဏ်ရာရNext
Previous Post

ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ရွာကို စစ်ကော်မရှင်တပ် လက်နက်ကြီးပစ်လို့ တဦးဒဏ်ရာရ

Next Post

မင်းပြားမြို့ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ ဆယ်ဦးဒဏ်ရာရ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့သုံးမြို့နယ်ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်

December 12, 2025

ပေါက်မြို့နယ်ကစစ်ဘေးရှောင်တွေ အကူအညီတွေလိုအပ်နေ

December 12, 2025
ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

ဒီပဲယင်းမြို့နယ်မှာ ရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှားမှုပြုလုပ်

December 12, 2025

ကျန်းမာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာရပ်ဖို့ WHO ပြော

December 12, 2025

ပေါက်မြို့နယ်ကစစ်ဘေးရှောင်တွေ အကူအညီတွေလိုအပ်နေ

ဒီပဲယင်းမြို့နယ်မှာ ရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှားမှုပြုလုပ်

ကျန်းမာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာရပ်ဖို့ WHO ပြော

မြောက်ဦးဆေးရုံ လေကြောင်းတိုက်ခိုက်မှုကို နိုင်ငံတကာကအရေးယူပေးဖို့ ရက္ခိုင်အရပ်ဘက်အဖွဲ့အစည်းများဖိုရမ်တောင်းဆို

မိုးမိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စစ်သင်တန်းဆင်းပွဲ

စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး PDF Zoland ဆီအလင်းဝင်

Releated Post

ပေါက်မြို့နယ်ကစစ်ဘေးရှောင်တွေ အကူအညီတွေလိုအပ်နေ

December 12, 2025
ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

ဒီပဲယင်းမြို့နယ်မှာ ရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှားမှုပြုလုပ်

December 12, 2025

ကျန်းမာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာရပ်ဖို့ WHO ပြော

December 12, 2025

မြောက်ဦးဆေးရုံ လေကြောင်းတိုက်ခိုက်မှုကို နိုင်ငံတကာကအရေးယူပေးဖို့ ရက္ခိုင်အရပ်ဘက်အဖွဲ့အစည်းများဖိုရမ်တောင်းဆို

December 12, 2025
ဓာတ်ပုံ-မိုးမိတ်ခရိုင်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့

မိုးမိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စစ်သင်တန်းဆင်းပွဲ

December 12, 2025
ဓာတ်ပုံ - PDF Zoland

စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး PDF Zoland ဆီအလင်းဝင်

December 12, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page