Border News Agency
အမေရိကန်၊ဇွန် ၂၈။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့ပုံတူပါဝင်တဲ့အမေရိကန်နိုင်ငံကူးလက်မှတ်ပုံစံအသစ်ကို ဇွန်လ ၂၆ ရက်နေ့က ထုတ်ဖော်ပြသခဲ့ပါတယ်။
ဒါဟာ အခုနှစ်မှာကျရောက်မယ့် အမေရိကန်နိုင်ငံရဲ့ နှစ် ၂၅၀ ပြည့် အထိမ်းအမှတ်အဖြစ် အကန့်အသတ်နဲ့ ထုတ်ဝေမယ့် ဗားရှင်းလည်း ဖြစ်ပါတယ်။
”အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံကူးလက်မှတ်အသစ်ကို ကြိုဆိုပါတယ်။” လို့ သမ္မတထရမ့်က သူ့ရဲ့ Truth Social လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့တာပါ။
အဲဒီ နိုင်ငံကူးလက်မှတ်နမူနာစာမျက်နှာမှာ ထရမ့်က Resolute Desk စာပွဲနားမှာ မတ်တပ်ရပ်နေတဲ့ပုံ၊နောက်ခံမှာ မူရင်းလွတ်လပ်ရေးကြေညာစာတမ်းပါ စာသားတွေနဲ့ အောက်ခြေမှာ သူ့ရဲ့လက်မှတ်တို့ ပါဝင်ပါတယ်။
နောက်ထပ်စာမျက်နှာတစ်ခုမှာတော့ John Trumbull ရေးဆွဲခဲ့တဲ့ လွတ်လပ်ရေးကြေညာစာတမ်း ပန်းချီကားပုံကို ထည့်သွင်းထားပါတယ်။
အဲဒီနိုင်ငံကူးလက်မှတ်အသစ်မှာ ပါဝင်တဲ့ ထရမ့်ရဲ့ပုံတူဟာ ဝါရှင်တန်ရှိ Smithsonian အမျိုးသားပုံတူပြခန်းက သမ္မတပုံတူကို အခြေခံထားတာဖြစ်ပြီး ခုနှစ်အစောပိုင်းက နိုင်ငံခြားရေးဌာနက ထုတ်ပြန်ခဲ့တဲ့ သမ္မတပုံတူနဲ့ ကွဲပြားတယ်လို့ သိရပါတယ်။













