Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ဘေးရှောင် မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် သတင်း အာရက္ခဒေသ

​အာရက္ခဒေသက စစ်ဘေးရှောင်အမျိုးသမီးတွေ အကူအညီတွေလိုအပ်နေ

(ဓာတ်ပုံ - စစ်ဘေးရှောင်အမျိုးသမီးငယ်တဦး/BNA)

(ဓာတ်ပုံ - စစ်ဘေးရှောင်အမျိုးသမီးငယ်တဦး/BNA)

Author picture

By

Swe Zin Htike
Reading Time: 1 min read
0
A A
0
SHARES
2
VIEWS
Share on FacebookShare on Twitter

​Border News Agency

မြောက်ဦး၊ အောက်တိုဘာ ၂၀။

​အာရက္ခဒေသလက်နက်ကိုင်ပဋိပက္ခတွေကြောင့်အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့အမျိုးသမီးတွေဟာ စားနပ်ရိက္ခာ၊ဆေးဝါးနဲ့ အခြေခံအကူအညီတွေပြတ်လပ်မှုနဲ့ရင်ဆိုင်နေကြရတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတွေက ဆိုကြပါတယ်။

အဲဒီစစ်ဘေးရှောင်စခန်းတွေနဲ့ယာယီခို လှုံရာစခန်းတွေမှာ စစ်ဘေးဒဏ်ကို ခေတ္တရှောင်တိမ်းနေကြရပေမယ့် အလုပ်အကိုင်ကင်းမဲ့တာ၊သွားလာရေး အကန့်အသတ်တွေနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်တာတွေကြောင့် အမျိုးသမီးတွေရဲ့နေ့စဉ် ရုန်းကန်နေရတဲ့ ဘဝတွေပိုခက်ခဲနေကြတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတွေက ဆိုကြပါတယ်။

“စစ်ပွဲဖြစ်တော့အလုပ်အကိုင်တွေအကုန်ပျက်စီးကုန်တယ်။အိမ်မှာ ကလေးတွေရော သက်ကြီးရွယ်အိုတွေကိုပါကျမတို့ကပဲ တာဝန်ယူ ကြည့်ရှုနေရတာပါ။စားနပ်ရိက္ခာလည်း အတော်လေး လျှော့စားနေရပြီး အကူအညီတွေမရရင် ရှေ့ဆက်ဖို့ သေရေးရှင်ရေး ဖြစ်နေပါတယ်။”လို့ ​အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရတဲ့ အမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီ​စစ်ဘေးရှောင်စခန်းတွေရှိအမျိုးသမီးတွေဟာ မိသားစုစားနပ်ရိက္ခာရှာဖွေရေးအတွက် ရုန်းကန်နေကြရသလို ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အို မိသားစုဝင်တွေကိုပြုစုစောင့်ရှောက်တဲ့ တာဝန်တွေကိုပါပုခုံးထမ်းနေကြရတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတွေကဆိုကြပါတယ်။

“စစ်ဘေးရှောင်စခန်းတွေမှာ အမျိုးသမီးတွေနဲ့ကလေးသူငယ်တွေအတွက် သီးသန့် ဘေးကင်းရေးနဲ့ကျန်းမာရေးဆိုင်ရာထောက်ပံ့မှုတွေအလွန်နည်းပါးနေပါတယ်။ လျှပ်စစ်မီးနဲ့လုံခြုံတဲ့အကာအကွယ် မရှိတာကြောင့်လည်း အမျိုးသမီးတွေအတွက် အောက်ခြေမှာ စိုးရိမ်စရာတွေ အများကြီးရှိနေပါတယ်။”လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူ အမျိုးသမီးတဦးက Border News Agency ကိုပြောပါတယ်။

အဲဒီအပြင် ဒေသအတွင်းသတင်းအချက်အလက်နဲ့ အင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရတာ၊ကုန်းလမ်း၊ ရေလမ်း သွားလာရေး အကန့်အသတ်တွေကြောင့် ပြင်ပမှ လူသားချင်းစာနာမှု အကူအညီတွေစစ်ဘေးရှောင်စခန်းတွေဆီရောက်ဖို့ အလွန် ခက်ခဲနေတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။

“စစ်ပွဲကြားမှာ အမျိုးသမီးတွေဟာ ဝင်ငွေရတဲ့အလုပ်မရှိတော့တာအပြင် မိသားစုစောင့်ရှောက်ရေး တာဝန်တွေပါ ပိုတိုးလာနေတာပါ။ ဒါပေမယ့် သူတို့အတွက် သီးသန့် အကာအကွယ်ပေးရေးနဲ့ သက်မွေးဝမ်းကျောင်း အကူအညီတွေ ရောက်ရှိမှုက အလွန်နည်းပါးနေပါသေးတယ်။”လို့ ​ဒေသတွင်း အမျိုးသမီးအရေးဆောင်ရွက်နေသူတဦးက Border News Agency ကိုပြောပါတယ်။

မြန်မာနိုင်ငံရှိ စိုက်ပျိုးရေး လုပ်ကိုင်တဲ့ လူမှုအသိုင်းအဝိုင်းတွေမှာအမျိုးသား ၆၄ ရာခိုင်နှုန်း မြေယာပိုင်ဆိုင်မှုနဲ့ နှိုင်းယှဉ်ရင် အမျိုးသမီး ၄၉ ရာခိုင်နှုန်းသာ မြေယာပိုင်ဆိုင်ကြောင်းတွေ့ရတယ်လို့ ​ကျေးလက်အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် UNDP Myanmar မှ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေကဆိုပါတယ်။

​အဲဒီအပြင် အကျပ်အတည်းကာလ စီးပွားရေးအတွင်း အမျိုးသား ၂၃ ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ရင် အမျိုးသမီး ၄၂ ရာခိုင်နှုန်းမှာ ဘယ်ဝင်ငွေမျှ မရှိကြဘဲ အခကြေးငွေမရရှိတဲ့ ပြုစုစောင့်ရှောက်မှု လုပ်ငန်းအများစုကို အမျိုးသမီးတွေကသာ ဆက်ပုခုံးထမ်း ထမ်းဆောင်နေကြရတယ်လို့လည်းဆိုပါတယ်။

PrevPreviousထားဝယ်မှာ သုံးနိုင်ငံစွမ်းအင်ကုန်သွယ်ရေး အာဏာသိမ်းစစ်တပ်နဲ့ ထိုင်းဆွေးနွေး
NextIPU ညီလာခံမှာ CRPH ကိုဆွေးနွေးဖက်အဖြစ် အသိအမှတ်ပြုNext
Previous Post

ထားဝယ်မှာ သုံးနိုင်ငံစွမ်းအင်ကုန်သွယ်ရေး အာဏာသိမ်းစစ်တပ်နဲ့ ထိုင်းဆွေးနွေး

Next Post

IPU ညီလာခံမှာ CRPH ကိုဆွေးနွေးဖက်အဖြစ် အသိအမှတ်ပြု

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ဓာတ်ပုံ - CRPH

IPU ညီလာခံမှာ CRPH ကိုဆွေးနွေးဖက်အဖြစ် အသိအမှတ်ပြု

October 20, 2026
​ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

ထားဝယ်မှာ သုံးနိုင်ငံစွမ်းအင်ကုန်သွယ်ရေး အာဏာသိမ်းစစ်တပ်နဲ့ ထိုင်းဆွေးနွေး

October 20, 2026

စစ်သုံ့ပန်းဆယ့်ခြောက်ဦး ပြည်သူ့တပ်မတော်သားအဖြစ်ခံယူ

October 20, 2026

ချားစ်ဘုရင်ပေးပို့တဲ့စာအုပ်နဲ့ စာတွေကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်

October 19, 2026

IPU ညီလာခံမှာ CRPH ကိုဆွေးနွေးဖက်အဖြစ် အသိအမှတ်ပြု

​အာရက္ခဒေသက စစ်ဘေးရှောင်အမျိုးသမီးတွေ အကူအညီတွေလိုအပ်နေ

ထားဝယ်မှာ သုံးနိုင်ငံစွမ်းအင်ကုန်သွယ်ရေး အာဏာသိမ်းစစ်တပ်နဲ့ ထိုင်းဆွေးနွေး

ဘန်ကောက်မှာ ဆေးခြောက်တွေနဲ့ မြန်မာလုပ်သားလေးဦးဖမ်းခံရ

စစ်သုံ့ပန်းဆယ့်ခြောက်ဦး ပြည်သူ့တပ်မတော်သားအဖြစ်ခံယူ

ချားစ်ဘုရင်ပေးပို့တဲ့စာအုပ်နဲ့ စာတွေကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်

Releated Post

​ဓာတ်ပုံ - CRPH

IPU ညီလာခံမှာ CRPH ကိုဆွေးနွေးဖက်အဖြစ် အသိအမှတ်ပြု

October 20, 2026
(ဓာတ်ပုံ - စစ်ဘေးရှောင်အမျိုးသမီးငယ်တဦး/BNA)

​အာရက္ခဒေသက စစ်ဘေးရှောင်အမျိုးသမီးတွေ အကူအညီတွေလိုအပ်နေ

October 20, 2026
​ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

ထားဝယ်မှာ သုံးနိုင်ငံစွမ်းအင်ကုန်သွယ်ရေး အာဏာသိမ်းစစ်တပ်နဲ့ ထိုင်းဆွေးနွေး

October 20, 2026
ဓာတ်ပုံ - Khaosod

ဘန်ကောက်မှာ ဆေးခြောက်တွေနဲ့ မြန်မာလုပ်သားလေးဦးဖမ်းခံရ

October 20, 2026

စစ်သုံ့ပန်းဆယ့်ခြောက်ဦး ပြည်သူ့တပ်မတော်သားအဖြစ်ခံယူ

October 20, 2026

ချားစ်ဘုရင်ပေးပို့တဲ့စာအုပ်နဲ့ စာတွေကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်

October 19, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page